မလေးရှားနိုင်ငံရဲ့အနာဂတ်ကို အင်အားကြီးနိုင်ငံများ ကြားဝင်ဆုံးဖြတ်လမ်းညွှန်ခြင်းများကို ခွင့်ပြုမှာမဟုတ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ပြော
ဂျန်ဇက် (NP News) - ဧပြီ ၁
မလေးရှားနိုင်ငံအနေနဲ့ နိုင်ငံအနာဂတ်နဲ့ပတ်သက်ပြီး မည်သည့်အင်အားကြီးနိုင်ငံတွေရဲ့ကြားဝင် ဆုံးဖြတ်ခြင်း လမ်းညွှန်ခြင်းများကို ခွင့်ပြုမှာမဟုတ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၎င်းက "ဘယ်နိုင်ငံမှ ကျွန်တော်တို့ကို လမ်းညွှန်စရာမလိုဘူး၊ ကျွန်တော်တို့ဟာ လွတ်လပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံရဲ့အနာဂတ်အတွက် အကောင်းဆုံးဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်မယ်။ ကျွန်တော်တို့အစိုးရဟာ ပြည်သူများနဲ့ နိုင်ငံအကျိုးကျေးဇူးဖြစ်စေဖို့ ကောင်း မွန်တဲ့အုပ်ချုပ်ရေးနဲ့ မူဝါဒတွေလုပ်ဆောင်နိုင်အောင် အခြေခံစည်းကမ်းတန်ဖိုးများအပေါ်အခြေခံဆုံးဖြတ်သွားမှာပါ၊ အာဆီယံဟာ လွတ်လပ်ပြီး ကြားနေအဖွဲ့အစည်းအဖြစ်တည် ထောင်ထားခြင်းကြောင့် အာဆီယံရဲ့လက်ရှိရပ်တည်ချက်များကိုလည်း ထိန်းသိမ်းသွားရမှာဖြစ်တယ်"လို့ပြောပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟာ အာရှ-ပစိဖိတ်ဒေသမှာ တရုတ် ၊ အမေရိကန်တို့ရဲ့အားပြိုင်မှုတွေနဲ့ပတ်သက်ပြီး အခုလိုမျိုး ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒါ့ပြင် ၎င်းက မလေးရှားနဲ့တရုတ်နိုင်ငံကြား သဘောထားကွဲလွဲမှုများရှိနေမယ်ဆိုရင်တောင် တရုတ်နိုင်ငံကို ပြိုင် ဘက်အဖြစ် ဒါမှမဟုတ် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်မှာမဟုတ်ကြောင်း ဆိုပါတယ်။
မလေးရှားဝန်ကြီးချုပ်က "တရုတ်နိုင်ငံဟာ ကျွန်တော်တို့မလေးရှားနိုင်ငံရဲ့ ကောင်းမွန်တဲ့အိမ်နီးချင်းမိတ်ဆွေနိုင်ငံမှာပါတယ်၊ အောင်မြင်မှုတွေကနေ အပြန်အလှန်အကျိုးကျေးဇူးတွေရရှိနေပါတယ်"လို့ပြောပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ အမေရိကန်၊ တရုတ်အပါအဝင် နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက် ဆံရေး တည်ဆောက်သွားဖို့ လိုလားကြောင်း မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။ မလေးရှားဟာ တရုတ်နိုင်ငံနဲ့တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေအငြင်းပွားနေတဲ့ အာဆီယံနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ကြောင်းသိရပါတယ်။
zawgyi version
မေလးရွားႏိုင္ငံရဲ႕အနာဂတ္ကို အင္အားႀကီးႏိုင္ငံမ်ား ၾကားဝင္ဆုံးျဖတ္လမ္းၫႊန္ျခင္းမ်ားကို ခြင့္ျပဳမွာမဟုတ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၁
မေလးရွားႏိုင္ငံအေနနဲ႔ ႏိုင္ငံအနာဂတ္နဲ႔ပတ္သက္ၿပီး မည္သည့္အင္အားႀကီးႏိုင္ငံေတြရဲ႕ၾကားဝင္ ဆုံးျဖတ္ျခင္း လမ္းၫႊန္ျခင္းမ်ားကို ခြင့္ျပဳမွာမဟုတ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
၎က "ဘယ္ႏိုင္ငံမွ ကြၽန္ေတာ္တို႔ကို လမ္းၫႊန္စရာမလိုဘူး၊ ကြၽန္ေတာ္တို႔ဟာ လြတ္လပ္တဲ့ ႏိုင္ငံျဖစ္တဲ့အတြက္ ကိုယ့္ႏိုင္ငံရဲ႕အနာဂတ္အတြက္ အေကာင္းဆုံးဆိုတာကို ကိုယ္တိုင္ဆုံးျဖတ္မယ္။ ကြၽန္ေတာ္တို႔အစိုးရဟာ ျပည္သူမ်ားနဲ႔ ႏိုင္ငံအက်ိဳးေက်းဇူးျဖစ္ေစဖို႔ ေကာင္း မြန္တဲ့အုပ္ခ်ဳပ္ေရးနဲ႔ မူဝါဒေတြလုပ္ေဆာင္ႏိုင္ေအာင္ အေျခခံစည္းကမ္းတန္ဖိုးမ်ားအေပၚအေျခခံဆုံးျဖတ္သြားမွာပါ၊ အာဆီယံဟာ လြတ္လပ္ၿပီး ၾကားေနအဖြဲ႕အစည္းအျဖစ္တည္ ေထာင္ထားျခင္းေၾကာင့္ အာဆီယံရဲ႕လက္ရွိရပ္တည္ခ်က္မ်ားကိုလည္း ထိန္းသိမ္းသြားရမွာျဖစ္တယ္"လို႔ေျပာပါတယ္။
မေလးရွားဝန္ႀကီးခ်ဳပ္ဟာ အာရွ-ပစိဖိတ္ေဒသမွာ တ႐ုတ္ ၊ အေမရိကန္တို႔ရဲ႕အားၿပိဳင္မႈေတြနဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳး ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ဒါ့ျပင္ ၎က မေလးရွားနဲ႔တ႐ုတ္ႏိုင္ငံၾကား သေဘာထားကြဲလြဲမႈမ်ားရွိေနမယ္ဆိုရင္ေတာင္ တ႐ုတ္ႏိုင္ငံကို ၿပိဳင္ ဘက္အျဖစ္ ဒါမွမဟုတ္ ၿခိမ္းေျခာက္မႈအျဖစ္ ရႈျမင္မွာမဟုတ္ေၾကာင္း ဆိုပါတယ္။
မေလးရွားဝန္ႀကီးခ်ဳပ္က "တ႐ုတ္ႏိုင္ငံဟာ ကြၽန္ေတာ္တို႔မေလးရွားႏိုင္ငံရဲ႕ ေကာင္းမြန္တဲ့အိမ္နီးခ်င္းမိတ္ေဆြႏိုင္ငံမွာပါတယ္၊ ေအာင္ျမင္မႈေတြကေန အျပန္အလွန္အက်ိဳးေက်းဇူးေတြရရွိေနပါတယ္"လို႔ေျပာပါတယ္။
မေလးရွားႏိုင္ငံအေနနဲ႔ အေမရိကန္၊ တ႐ုတ္အပါအဝင္ ႏိုင္ငံအားလုံးနဲ႔ ေကာင္းမြန္တဲ့ ဆက္ ဆံေရး တည္ေဆာက္သြားဖို႔ လိုလားေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။ မေလးရွားဟာ တ႐ုတ္ႏိုင္ငံနဲ႔ေတာင္တ႐ုတ္ပင္လယ္မွာ ပိုင္နက္နယ္ေျမအျငင္းပြားေနတဲ့ အာဆီယံႏိုင္ငံေတြထဲက တစ္ႏိုင္ငံျဖစ္ေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပညာရေး၌ နိုင်ငံလူဦးရေ၏ (၆ဝ)ရာခိုင်နှုန်းခန့်သည် (၅)တန်းအောက်သာရှိ၍ နိုင်ငံအတွက် အန္တရာယ်ရှိနေဟု တပ်ချုပ်သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ