ပညာရေး၌ နိုင်ငံလူဦးရေ၏ (၆ဝ)ရာခိုင်နှုန်းခန့်သည် (၅)တန်းအောက်သာရှိ၍ နိုင်ငံအတွက် အန္တရာယ်ရှိနေဟု တပ်ချုပ်သတိပေး
မျိုးကြီး (NP News) - ဧပြီ ၁
ပညာရေး၌ နိုင်ငံလူဦးရေ၏ (၆ဝ)ရာခိုင်နှုန်းခန့်သည် (၅)တန်းအောက်သာရှိ၍ နိုင်ငံတော်အတွက် အန္တရာယ်ရှိသည့်အနေအထားဖြစ်နေကြောင်း တပ်ချုပ်က သတိပေးပြောဆိုထား သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(မတ်လ ၃၁ ရက်)တွင် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်၌ အခြေခံပညာတတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများ နည်းပါသည်ကို တွေ့ရှိရပြီး ပညာရေး၌ ကွာဟချက်ကြီးမားနေကြောင်း၊ ပညာရေးအားနည်းပါက အသိအ မြင်နှင့်အတွေးအခေါ်များ အားနည်းလာမည်ဖြစ်၍ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
မြန်မာနိုင်ငံ၏ ပညာရေးတွင် လူဦးရေ၏ (၆ဝ)ရာခိုင်နှုန်းခန့်သည် ပဉ္စမတန်းအောက်သာရှိ၍ နိုင်ငံတော်အတွက် အန္တရာယ်ရှိသည့်အနေအထားပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးပြောဆိုခဲ့သည်။
ထို့ကြောင့် နစကအနေဖြင့် တစ်နိုင်ငံလုံး၏ ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် KG+9 အထိ မသင်မနေရစနစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုထား သည်။
ဆက်လက်ပြီး ၎င်းက လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူ ရေး နှင့် နည်းပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၎င်းသင် တန်းကျောင်းများမှ အောင်မြင်ပြီးသူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် နည်းပညာသိပ္ပံများသို့ ဆက်လက်တက်ရောက်နိုင်သည့်အပြင် ၎င်းမှတစ်ဆင့် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များတွင်လည်း ပညာသင်ယူနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
လက်ရှိ နစကလက်ထက်တွင် စာသင်ကျောင်းများအား ဖျက်ဆီးခြင်း၊ ခြိမ်းခြောက်ခြင်းအပါအဝင် ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်းများ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော ဖြစ်စဉ်များရှိခဲ့ပြီး အစိုးရကျောင်းများသို့ မတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ အများအပြားရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။
zawgyi version
ပညာေရး၌ ႏိုင္ငံလူဦးေရ၏ (၆ဝ)ရာခိုင္ႏႈန္းခန႔္သည္ (၅)တန္းေအာက္သာရွိ၍ ႏိုင္ငံအတြက္ အႏၲရာယ္ရွိေနဟု တပ္ခ်ဳပ္သတိေပး
မ်ိဳးႀကီး (NP News) - ဧၿပီ ၁
ပညာေရး၌ ႏိုင္ငံလူဦးေရ၏ (၆ဝ)ရာခိုင္ႏႈန္းခန႔္သည္ (၅)တန္းေအာက္သာရွိ၍ ႏိုင္ငံေတာ္အတြက္ အႏၲရာယ္ရွိသည့္အေနအထားျဖစ္ေနေၾကာင္း တပ္ခ်ဳပ္က သတိေပးေျပာဆိုထား သည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔(မတ္လ ၃၁ ရက္)တြင္ ရခိုင္ ျပည္နယ္အစိုးရအဖြဲ႕႐ုံး၌ ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ျပည္နယ္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ားအားေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ရခိုင္ျပည္နယ္၌ အေျခခံပညာတတ္ေျမာက္မႈႏွင့္ တန္းစဥ္ကူးေျပာင္းမႈမ်ား နည္းပါသည္ကို ေတြ႕ရွိရၿပီး ပညာေရး၌ ကြာဟခ်က္ႀကီးမားေနေၾကာင္း၊ ပညာေရးအားနည္းပါက အသိအ ျမင္ႏွင့္အေတြးအေခၚမ်ား အားနည္းလာမည္ျဖစ္၍ ေဒသ၏ဖြံ႕ၿဖိဳးတိုးတက္မႈကို အားနည္းေစေၾကာင္း နစကဥကၠ႒က ဆိုသည္။
ျမန္မာႏိုင္ငံ၏ ပညာေရးတြင္ လူဦးေရ၏ (၆ဝ)ရာခိုင္ႏႈန္းခန႔္သည္ ပၪၥမတန္းေအာက္သာရွိ၍ ႏိုင္ငံေတာ္အတြက္ အႏၲရာယ္ရွိသည့္အေနအထားပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က သတိေပးေျပာဆိုခဲ့သည္။
ထို႔ေၾကာင့္ နစကအေနျဖင့္ တစ္ႏိုင္ငံလုံး၏ ပညာေရးက႑ျမႇင့္တင္ႏိုင္ေရးအတြက္ KG+9 အထိ မသင္မေနရစနစ္ျဖင့္ သင္ၾကားေပးလ်က္ရွိေၾကာင္း ၎က ဆက္လက္ေျပာဆိုထား သည္။
ဆက္လက္ၿပီး ၎က လူသားအရင္းအျမစ္မ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စိုက္ပ်ိဳးေမြးျမဴ ေရး ႏွင့္ နည္းပညာအထက္တန္းေက်ာင္းမ်ားကို ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိၿပီး ၎သင္ တန္းေက်ာင္းမ်ားမွ ေအာင္ျမင္ၿပီးသူမ်ားအေနျဖင့္ စိုက္ပ်ိဳးေရးသိပၸံ၊ ေမြးျမဴေရးသိပၸံႏွင့္ နည္းပညာသိပၸံမ်ားသို႔ ဆက္လက္တက္ေရာက္ႏိုင္သည့္အျပင္ ၎မွတစ္ဆင့္ သက္ဆိုင္ရာတကၠသိုလ္၊ ေကာလိပ္မ်ားတြင္လည္း ပညာသင္ယူႏိုင္ေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။
လက္ရွိ နစကလက္ထက္တြင္ စာသင္ေက်ာင္းမ်ားအား ဖ်က္ဆီးျခင္း၊ ၿခိမ္းေျခာက္ျခင္းအပါအဝင္ ဆရာ၊ ဆရာမ ပညာေရးဝန္ထမ္းမ်ား အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရေသာ ျဖစ္စဥ္မ်ားရွိခဲ့ၿပီး အစိုးရေက်ာင္းမ်ားသို႔ မတက္ေရာက္သည့္ ေက်ာင္းသား၊ ေက်ာင္းသူ အမ်ားအျပားရွိခဲ့သည္ကိုလည္း ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကယ်လီဖိုးနီးယားပြည်နယ်မှာ လေထုသန့်စင်စေရေးအတွက် ဒီဇယ်ထရပ်ကားအသုံးပြုမှုကို ဖယ်ရှားဖို့ အတည်ပြု
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း