ကိုရီးယားနည်းပညာဖြင့် အမှိုက်များမှ မီသိန်းဓာတ်ငွေ့များ စုစည်းသန့်စင်ပြီး လျှပ်စစ်ထုတ်ယူနိုင်ရေး ဆွေးနွေး
ယွန်း (NSS) - ဧပြီ ၉
ကိုရီးယားနည်းပညာဖြင့် အမှိုက်များမှ မီသိန်းဓာတ်ငွေ့များ စုစည်းသန့်စင်ပြီး လျှပ်စစ်ထုတ်ယူနိုင်ရေး နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကိုရီးယားနိုင်ငံ GES Co.,Ltd တို့ ပူးပေါင်းဆောင်ရွက်သည့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှ လျှပ်စစ်ထုတ်လုပ်ခြင်းစီမံကိန်း ဆွေးနွေးပွဲကို ပြီးခဲ့သည့်ရက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ကျင်းပခဲ့သည်။
ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့် လူဦးရေတိုးတက်လာမှုများကြောင့် စွန့်ပစ်အမှိုက်ထွက်ရှိမှု ပမာဏသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးက ဆိုသည်။
ရန်ကုန်မြို့၌ တစ်ရက်လျှင် စွန့်ပစ်အမှိုက် တန်(၂၅၀၀) ခန့်ထွက်ရှိနေပြီး အဆိုပါအမှိုက်များကို မြို့တော်အတွင်းမှ သိမ်းဆည်းသယ်ယူ၍ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများတွင် ဖိကြိတ်ကာ အမှိုက်တစ်လွှာမြေတစ်လွှာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများတွင် မြေနေရာရှားပါးခြင်း နှင့် အမှိုက်များကို လျော့ နည်းစေရန် သဘာဝမြေဆွေးပြုလုပ်ခြင်းများကိုလည်းဆောင်ရွက်လျက်ရှိပြီး အောင်းပူကြောင့် မီးလောင်မှုမဖြစ်စေရေး မီသိန်းဓာတ်ငွေ့များအားပိုက်များဖြင့် ထုတ်လွှတ်ထားသည်ကို အကျိုးရှိစွာ အသုံးပြုရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် ကိုရီးယားနိုင်ငံ၊ GES Co.,Ltd ၏ နည်းပညာဖြင့် မီသိန်းဓာတ်ငွေ့များ စုစည်းသန့်စင်ပြီး လျှပ်စစ်ထုတ်ယူနိုင်ရေးကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်ထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ် ဖြတ်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ