ရန်ကုန်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ် ဖြတ်မှုဖြစ်ပွား
မြူနစ် (NSS) - ဧပြီ ၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့ဝင် (၂)ဦးက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်သည် ယနေ့(ဧပြီ ၉ ရက်)၊ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ သံဒင်းစုလမ်းမပေါ်ရှိ မုန့်ဟင်းခါးဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ပေါက်တောဝရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဌေးမြင့်သည် သံဒင်းစုလမ်းမပေါ်ရှိ ဒေါ်သန်းသန်းမော်၏ မုန့်ဟင်းခါးဆိုင်တွင် စားနေစဉ် အမျိုးသား(၂)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဦးဌေးမြင့်တွင် သေနတ်ဒဏ်ရာ (၄)ချက်ထက်မနည်းရရှိကာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆက် လက်ပြောသည်။
ယင်းကဲ့သို့ ပစ်ခတ်သတ်ဖြတ်သွားသော PDF အဖွဲ့ဝင် အမျိုးသား(၂)ဦးကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို နစကအစိုးရက အာဏာသက်ဝင်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိနေစဉ်အချိန်တွင် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ခပ်စိတ်စိတ်ဖြစ်ပွားလာနေသည်ကို တွေ့ရသည်။
လက်ရှိနစကအစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို အကြမ်းဖက်အဖွဲ့က ဒလန်၊ သတင်းပေးဟုစွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်ခဲ့သောဖြစ်စဉ် အများအပြားရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအစိုးရ နှင့် လက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးပွဲများစတင်နိုင်ရန် ထိလွယ်ရှလွယ်သည့်ပြဿနာများရှိနေဟု ထိုင်းဝန်ကြီးချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း