ယူကရိန်းက နေတိုးစစ်ရေးမဟာမိတ်အုပ်စုဝင်နိုင်ငံဖြစ်လာဖွယ်ရှိနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောပြန်
ဂျန်ဇက် (NSS) - ဧပြီ ၉
ယူကရိန်းနိုင်ငံသည် နေတိုးအုပ်စု၏ မဟာမိတ်အုပ်စု၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖွယ်ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ သံတမန်များနှင့်ပြုလုပ်သော အစည်းအဝေးအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ယင်းကဲ့ သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ရန်လိုလားခဲ့သော်လည်း ရုရှားနိုင်ငံ၏ ဟန့်တားမှုများအပြင် ရုရှား နှင့် စစ်ပွဲဖြစ်လာခဲ့ခြင်းများကြောင့် နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ရေး နှောင့်နှေးခဲ့ရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ‘ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖွယ်ရှိနေပါတယ်။ ဒီထိပ်သီးအစည်း အဝေးရဲ့ရည်ရွယ်ချက်က ယူကရိန်းနိုင်ငံ ရှေ့ဆက်လျှောက်မယ့်လမ်းကို ဖန်တီးပေးဖို့နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာ အောင် တံတားခင်းပေးဖို့ဖြစ်ပါတယ်’ ဟု ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်စေရန် ထိုက်တန်သော နိုင်ငံဖြစ် ကြောင်း၊ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ပေးခြင်းကို စောစီးစွာလုပ်ဆောင်စေလိုကြောင်း ပြောသည်။ ရုရှားနိုင်ငံသည် ၎င်း၏အိမ်နီးချင်းဖြစ်သော ယူကရိန်းနိုင်ငံက နေတိုးအုပ်စုဝင်နိုင်ငံဖြစ်လာမည်ကို စိုးရိမ်နေပြီး နေတိုးအုပ်စုက စစ်လက်နက်ပစ္စည်းများလာရောက် ဖြန့်ကြက်ချထားမည်ကို စိုးရိမ်နေကြောင်း သိရသည်။
ရုရှားသမ္မတပူတင်က နေတိုးအုပ်စုသည် ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ခွင့် လက်ခံမည်ဆိုလျှင် နေတိုး အုပ်စု နှင့် ရုရှားနိုင်ငံကြား သဘောတူညီ မှုရရှိထားသော နေတိုးအဖွဲ့၏ ဥရောပတိုက်အရှေ့ဘက်သို့ တိုးချဲ့ခြင်း မလုပ်ဆောင်ဘူးဆိုသော အချက်ကိုထိခိုက်ဖွယ်ရှိနေကြောင်း သတိပေးခဲ့သည်။ ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိ သူ ဒီမီထရီပက်ကောဗ့်က ယူကရိန်းစစ်ပွဲကြောင့် နေတိုးနှင့် ရုရှားနိုင်ငံကြားဆက်ဆံရေး ယိုယွင်းလာနေပြီး တဖြည်းဖြည်းထိပ်တိုက်တွေ့ဆုံရန် ပိုမိုနီးစပ်လာနေကြောင်း ပြောသည်။
‘ယူကရိန်းကိုနေတိုးအုပ်စုဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရအောင် ကျွန်တော်တို့ အရာရာတိုင်းကို လုပ်ဆောင်သွားမယ်။ ရုရှားရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံအတွက်လိုအပ်တာတွေကို အရာရာ တိုင်းလုပ်ဆောင်ပေး မယ်’ ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ရုရှားဘက်က သတိပေးမှုများရှိနေသည့်ကြားမှ ယူကရိန်းသည်နေတိုးအုပ်စုဝင်နိုင်ငံဖြစ်လာစေရန် အရှိန်မြှင့် ကြိုးပမ်းလာခဲ့ပြီးနောက်ပိုင်း ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသည့် စစ်ပွဲက အချိန်(၂)နှစ်ကျော်ကြာနေပြီး လက်ရှိအချိန် အထိ အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိသေးသကဲ့သို့ ရုရှားနှင့်အမေရိကန်၊ ရုရှား နှင့် နေတိုးအုပ်စု၊ ရုရှား နှင့် ဥရောပသမဂ္ဂ ကြားဆက်ဆံရေး အေးစက်လာခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအုပ်စုက ဥရောပတိုက်တွင် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာစေရန် အမေရိကန် ဖန်တီးထားသော ကိရိယာတစ်ခုသာဖြစ်ကြောင်း ရုရှားအစိုးရဝေဖန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ