နေတိုးအုပ်စုက ဥရောပတိုက်တွင် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာစေရန် အမေရိကန် ဖန်တီးထားသော ကိရိယာတစ်ခုသာဖြစ်ကြောင်း ရုရှားအစိုးရဝေဖန်
ဂျန်ဇက် (NSS) - ဧပြီ ၈
နေတိုးအုပ်စုသည် ဥရောပတိုက်တွင် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာစေရန်အတွက် အမေရိကန်နိုင်ငံ၏ Tool တစ်ခုဖြစ်ကြောင်း ရုရှားအစိုးရက ဝေဖန်ပြစ်တင်လိုက်သည်။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ရုရှားနှင့် နေတိုးအုပ်စုကြား လက်ရှိဆက်ဆံရေးအခြေ အနေသည် ထိပ်တိုက်တွေ့ဆုံ ရေးလမ်းကြောင်းကို ဦးတည်လာနေကြောင်း၊ နေတိုးအုပ်စုက ဥရောပတိုက် လုံခြုံရေးထက် ဥရောပတိုက် မတည်ငြိမ်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားသည်။
ရုရှား နှင့် ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း နေတိုးအုပ်စုသည် ယူကရိန်းကို အမေရိကန်ဒေါ်လာ ဘီလျံချီ တန်ဖိုးရှိသော စစ်လက်နက်ပစ္စည်းများအပြင် ထောက်လှမ်းရေးသတင်းအချက်အလက်များ မျှဝေပေးသည့်အပြင် ယူကရိန်းစစ်သားများကို လေ့ကျင့်သင်ကြားပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က “နေတိုးအုပ်စုဟာ ယူကရိန်းစစ်ပွဲပဋိပက္ခမှာ ပါဝင်နေတယ်။ နေတိုး အုပ်စုဟာ ကျွန်တော်တို့နယ်စပ်နားအထိ တိုးချဲ့လာနေတယ်။
နေတိုးနဲ့ ကျွန်တော်တို့နိုင်ငံဆက်ဆံရေးဟာ လက်ရှိအချိန်မှာ ထိပ်တိုက်တွေ့ဆုံရေးလမ်းကြောင်းကို ဦးတည်လာ နေတယ်။ နေတိုးအုပ်စုဟာ ဥရောပတိုက်မှာ ထိပ်တိုက်တွေ့ဆုံဖို့ ဖန်တီးထားတဲ့ အမေရိကန်ရဲ့ရုပ်သေးရုပ် အဖွဲ့အစည်းတစ်ခုလိုမျိုးဖြစ်နေတယ်။ နေတိုးအုပ်စုသူတို့ရဲ့ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်နေတယ်။ ဥရောပတိုက်တည်ငြိမ်ရေး၊ လုံခြုံရေးကို လုပ်ဆောင်တာမျိုးမဟုတ်ဘဲ ဥရောပတိုက် မတည်ငြိမ်အောင် ဖန်တီး လုပ်ဆောင်နေသလိုမျိုးဖြစ်နေတယ်” ဟု ပြောသည်။
အနောက်အုပ်စုနိုင်ငံများ၏ ခေါင်းဆောင်များက ရုရှားနိုင်ငံ သည် ယူကရိန်းစစ်ပွဲပြီးဆုံးချိန်တွင် နေတိုးအုပ်စုကို တိုက်ခိုက်သွားဖွယ်ရှိနေကြောင်း ထင်ကြေးပေးသုံး သပ်နေသော်လည်း ရုရှားအစိုးရက ငြင်းဆန်ပယ်ချ ထားကြောင်းသိရသည်။ နေတိုး အုပ်စုဝင်နိုင်ငံများသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီ ထောက်ပံ့ပေး ခြင်းအပြင် ရုရှားကို အားနည်းစေရန်အတွက် ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းပေးဖို့ တောင်းဆိုခံထားရတယ်’’ (အင်တာဗျူး)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ