တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှလွဲ၍ ကျန်အတန်းများ၏ အောင်စာရင်းများကို ဧပြီလ ၂၇ ရက်နေ့တွင် ကြေညာမည်
စော (NSS) - ဧပြီ ၈
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှလွဲ၍ ကျန်အတန်းများ၏ အောင်စာရင်းများကို ဧပြီလ ၂၇ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade 1 မှ Grade 11 အထိ စာမေးပွဲအောင်စာရင်းများကို လာမည့် ဧပြီလ (၂၇)ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
“၂၇ ရက်နေ့ကို ကျောင်းတိုင်းမှာ ကပ်ပေးမှာ။ ဖွင့်လို့ရတဲ့ကျောင်းတွေတော့ပါမှာပေါ့။ ဖွင့်လို့မရတဲ့ကျောင်းတွေတော့မပါဘူး။ အဲဒီလိုရှိတာပေါ့”ဟု အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦး NSS ကိုပြောသည်။
အဆိုပါ အောင်စာရင်းထွက်ရှိရာတွင် ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ မပါဝင်ကြောင်း လတ်တလောသတင်းများအရ သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံကျောင်းများအနေဖြင့် ကျောင်းအပ်နှံသူ (၈၁၀၈၂၂၇) ဦးရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၆၇၆၇၇၆၃) ဦးသာ ကျောင်းတက်ခဲ့ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရန် ပျက်ကွက်သူ (၁၃၄၀၄၆၄) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ပျက်ကွက်သည့်ဒေသများသည် ကရင်ပြည်နယ်ရှိ ဒေသအချို့၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှည်းတန်းခုံးကျော်တံတားပေါ်တွင် အိမ်စီးကားနှင့် Hijet ကားမျက်နှာချင်းဆိုင်တိုက်မိရာ လူတစ်ဦးပွဲချင်းပြီးသေဆုံး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း