လှည်းတန်းခုံးကျော်တံတားပေါ်တွင် အိမ်စီးကားနှင့် Hijet ကားမျက်နှာချင်းဆိုင်တိုက်မိရာ လူတစ်ဦးပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော်တံတားပေါ်တွင် အိမ်စီးကားနှင့် Hijet ကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဧပြီလ ၈ရက်)၊ မွန်းလွဲ ၃နာရီ ၃၅မိနစ်အချိန်တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော်တံတားပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Hijet က မြေနီကုန်းကတက်လာမှာ လမ်းပြောင်းပြန်ရောက်ပြီးတော့ ကန်လမ်းကတက်လာတဲ့ အိမ်စီးကားကို ဝင်တိုက်တာ။ အဲဒီမှာ Hijet ကားက ပက်လက်လန်ပြီးမှောက်သွားတာမှာ ယာဉ်မောင်းက ကားခေါင်းထဲမှာညပ်ပြီးဆုံးသွားတယ်”ဟု ပြည်သူ+လူရွှင်တော်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Hijet ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၂၀)နှစ်ဝန်းကျင်အရွယ် ယာဉ်မောင်းအမျိုးသားမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ “ဆုံးသွားတဲ့ ယာဉ်မောင်းက အသက်ငယ်ငယ်လေးပါ။ အိမ်စီးကားလေးပေါ်မှာက (၂)ယောက်ပါတယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူတို့ကတော့ ထိခိုက်ဒဏ်ရာလောက်ပဲရတယ်။ အရင်က အဲဒီခုံးတံတားပေါ်မှာ အဲဒီလို ဖြစ်စဉ်တော့ ရှိပေမယ့် အခုလိုဆိုးဆိုးရွားရွားတော့မဖြစ်ဘူး။ အခုဟာက တော်တော်ဆိုးတယ်။ ကားကခေါင်းပါပျောက်သွားတာ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ပြည်သူ+လူရွှင်တော်ပရဟိအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့် ရက်ပိုင်းအတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလအသိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း