မိုဇမ်ဘစ်နိုင်ငံတွင် ကူးတို့သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့ပြီး လူ(၁၀၀)နီးပါး သေဆုံး
Pika (NSS) - ဧပြီ ၈
မိုဇမ်ဘစ်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းတွင် လူအများအပြားတင်ဆောင်ထားသော ကူးတို့သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီး လူ(၉၆)ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ဧပြီလ(၇)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
လူပေါင်း(၁၃၀)ခန့်ကို တင်ဆောင်ထားသော ကူးတို့သင်္ဘောသည် နမ်ပူလာပြည်နယ်ရှိ ကျွန်းတစ်ကျွန်းဆီသို့ သွားနေစဉ်အချိန်အတွင်း ယခုကဲ့သို့တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ အာဏာပိုင်များက 'အဲဒီသင်္ဘောဟာ ခရီးသည်အများအပြားကို တင်ဆောင်ထားတာဖြစ်ပြီး တန်ပိုတင်ထားတာကြောင့် တိမ်းမှောက်ပြီး နစ်မြုပ်သွားခဲ့တာပါ။ ဒီဖြစ်ရပ်အတွင်း လူ(၉၆)ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်အများအပြားလည်းပါဝင်ပါတယ်။'ဟု ပြောဆိုခဲ့သည်။ သင်္ဘောနစ်မြုပ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးသမားများသည် အသက်ရှင်ကျန်ရစ်သူ(၁၁)ဦးကိုတွေ့ရှိခဲ့ပြီး နောက်ထပ်ရှာဖွေကယ် ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။ သို့သော်လည်း ပင်လယ်ပြင်၏ အခြေအနေများကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အခက်အခဲများရှိနေကြောင်း အာဏာပိုင်များကထပ်မံပြောကြားခဲ့သည်။
ကာလဝမ်းရောဂါနှင့် ပတ်သက်သည့်သတင်းအမှားများကြောင့် လူအများအပြားသည် မိုဇမ်ဘစ်နိုင်ငံတွင်းမှ ထွက်ခွါရန်ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစတင်ပြီး မိုဇမ်ဘစ်နိုင်ငံတွင် ရေကြောင့်ကူးစက်ပျံ့နှံ့သော ရောဂါဖြစ်ပွားသူ(၁၅၀၀၀)နီးပါးရှိပြီး အနည်းဆုံးလူ(၃၂)ဦးသေဆုံးခဲ့ကြောင်း အစိုးရ၏ ဒေတာအချက်အလက်များအရသိရသည်။ နမ်ပူလာပြည်နယ်သည် ရေကြောင့်ကူးစက်ပျံ့နှံ့သောရောဂါဖြစ်ပွားမှုဒဏ်ကို အခံစားရဆုံးဒေသတစ်ခုဖြစ်ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှလွဲ၍ ကျန်အတန်းများ၏ အောင်စာရင်းများကို ဧပြီလ ၂၇ ရက်နေ့တွင် ကြေညာမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း