ငလျင်ကြောင့် တိမ်းစောင်းသွားတဲ့ (၇)ထပ် တိုက်အဆောက်အအုံကို ဖြိုချဖျက်ဆီး
ဂျန်ဇက် (NSS) - ဧပြီ ၆
ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တိမ်းစောင်းသွားခဲ့ရတဲ့ Hualien မြို့က အဆောက်အအုံတစ်ခုကို ထိုင်ဝမ်က အလုပ်သမားတွေက ဖြိုချနေကြပြီး အဲဒီဒေသအတွင်း ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ထိုင်ဝမ် အရှေ့ပိုင်း ကမ်းရိုးတန်းမှာရှိတဲ့ Hualien ခရိုင်မှာ ပြင်းအား မဂ္ဂနီကျုဒ် ၇ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၁၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်ဝမ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေဟာ နိုင်ငံခြားသား ၄ ဦး အပါအဝင် ပျောက်ဆုံးနေသူ ၁၈ ဦးကို ရှာဖွေနေဆဲဖြစ်ပြီး အဲဒီငလျင်ကြောင့် ထိုင်ဝမ်တစ်ဝန်းကအ ဆောက်အအုံ ၈၀၆ ခု ထိခိုက်ခဲ့ကြောင်းသိရပါတယ်။ ငလျင် ဗဟိုချက်အနီးမှာရှိတဲ့ Hualien မြို့ အလယ်ပိုင်းက ၇ ထပ် အမြင့်ရှိတဲ့ အဆောက်အအုံတစ်ခုဟာ ငလျင်လှုပ်ခတ်ပြီးနောက် သိသိသာ တိမ်းစောင်းသွားခဲ့ကာ လူတွေခေတ္တပိတ်မိပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအဆောက်အအုံဟာ ပြိုကျနိုင်တဲ့ အန္တရာယ်ကြောင့် ဒေသဆိုင်ရာအာဏာပိုင်တွေဟာ ဧပြီ ၅ ရက်နေ့မှ အဲဒီအဆောက်အအုံကို ဖြိုချဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။
ဖြိုချရေးလုပ်ငန်းမစခင်မှာ ဒေသခံအရာရှိတွေနဲ့ ဆောက်လုပ်ရေးလုပ်သား ၂၀ လောက်ဟာ လုပ်ငန်းလုံခြုံမှုအတွက် ဆုတောင်းဖို့ အဲဒီနေရာမှာ စုဝေးခဲ့ကြပါတယ်။ Hualien မြို့က အဆောက်အအုံ ၃၀ လောက်ကို ဖြိုချတာ ဒါမှမဟုတ် ပိုပြီး ခိုင်ခန့်အောင် ပြုလုပ်တာလိုမျိုး ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဆိုပါငလျင်ဟာ ထိုင်ဝမ်မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေအနက် နှစ်ပေါင်း ၂၅နှစ်အတွင်း အားအပြင်းဆုံးငလျင်ဖြစ်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၄ ခုနှစ်အတွင်း မတူညီသောဒရုန်းအစီးရေ (၂)သန်းကျော် ထုတ်လုပ်သွားမည်ဟု ယူကရိန်းအစိုးရ သတင်းထုတ်ပြန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ