“သင်္ကြန်ပွဲတော်"ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို အိန္ဒိယစင်တာ၌ ပထမဆုံးအကြိမ်ကျင်းပမည်
Tun Mon Thet (NP News) – မတ် ၃၁
“သင်္ကြန်ပွဲတော်"ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ၂ဝ၂၃ ခုနှစ် ဧပြီလ ၆ ရက်တွင် ဆွာမိဝိဝေကာနန်ဒ ယဉ်ကျေးမှုဌာန (SVCC) ၌ ကျင်းပသွားမည်ဖြစ်ကာ အသက်အရွယ်အပိုင်းအခြားအလိုက် မည်သူမဆို ဝင်ရောက်ပါဝင်နိုင်ကြောင်း အိန္ဒိယသံရုံးက ကြေညာထားသည်။
အဆိုပါ ပန်းချီပြိုင်ပွဲတွင် အသက်အပိုင်းအခြား အုပ်စု ၃ ခု သတ်မှတ်ထားပြီး အုပ်စု A အဖြစ် အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းရှိ ကလေးများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကာ အုပ်စု B တွင် အသက် ၁၂ နှစ်မှ ၁၆ နှစ်အထိ လည်းကောင်း၊ အုပ်စု C တွင် အသက် ၁၆ နှစ်အထက်စသည်ဖြင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
“ယခု ပြိုင်ပွဲက အသက်အပိုင်းအခြားအလိုက် မည်သူမဆို ဝင်ရောက်ပါဝင်နိုင်မှာဖြစ်ပါတယ်။ သီးခြားကန့်သတ်ချက်တွေ မထားရှိပါဘူး။ ပြိုင်ပွဲရလဒ်ကို သံရုံးက ရွေးချယ်ထားတဲ့ ဒိုင်လူကြီးတွေက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်” ဟု အိန္ဒိယသံရုံး၏ ယဉ်ကျေးမှုဌာနမှ အကဆရာမဖြစ်သူ Lalan Desai က NP News ကိုပြောသည်။
အဆိုပါ “သင်္ကြန်ပွဲတော်"ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပန်းချီပြိုင်ပွဲသည် အိန္ဒိယနိုင်ငံ ယဉ် ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR) တည်ထောင်သည့်နေ့ အထိမ်းအမှတ်အဖြစ် လုပ်ဆောင်ခြင်းဖြစ်ပြီး “သင်္ကြန်ပွဲတော်"ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို အိန္ဒိယစင်တာ၌ ပထမဆုံး စီစဉ်ကျင်းပခြင်းဖြစ်ကြောင်းလည်း Lalan Desai က NP News ကို အသိပေးထားသည်။
ပြိုင်ပွဲ၌ အနိုင်ရသူများကို ငွေသားဆုများ ချီးမြှင့်သွားမည်ဖြစ်ကာ ICCR တည်ထောင်သည့်နေ့ အထိမ်းအမှတ်လက်မှတ်များကိုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် cul.yangon@mea.gov.in သို့ အမည်စာရင်းပေးသွင်းနိုင်ပြီး စုံစမ်းမေးမြန်းလိုသည်များကိုလည်း အဆိုပါအီးမေး(လ်)သို့ တိုက် ရိုက်ဆက်သွယ်နိုင်ကြောင်း သံရုံးက အသိပေးကြေညာထားသည်။
အိန္ဒိယသံရုံး၏ ဆွာမိဝိဝေကာနန်ဒ ယဉ်ကျေးမှုဌာန (SVCC) သည် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်သည့် ပွဲများကို အခါအားလျော်စွာ ကျင်းပပေးလေ့ရှိကြောင်းလည်း သိရသည်။
zawgyi version
“သၾကၤန္ပြဲေတာ္"ေခါင္းစဥ္ျဖင့္ ပန္းခ်ီၿပိဳင္ပြဲကို အိႏၵိယစင္တာ၌ ပထမဆုံးအႀကိမ္က်င္းပမည္
Tun Mon Thet (NP News) – မတ္ ၃၁
“သၾကၤန္ပြဲေတာ္"ေခါင္းစဥ္ျဖင့္ ပန္းခ်ီၿပိဳင္ပြဲကို ၂ဝ၂၃ ခုႏွစ္ ဧၿပီလ ၆ ရက္တြင္ ဆြာမိဝိေဝကာနန္ဒ ယဥ္ေက်းမႈဌာန (SVCC) ၌ က်င္းပသြားမည္ျဖစ္ကာ အသက္အ႐ြယ္အပိုင္းအျခားအလိုက္ မည္သူမဆို ဝင္ေရာက္ပါဝင္ႏိုင္ေၾကာင္း အိႏၵိယသံ႐ုံးက ေၾကညာထားသည္။
အဆိုပါ ပန္းခ်ီၿပိဳင္ပြဲတြင္ အသက္အပိုင္းအျခား အုပ္စု ၃ ခု သတ္မွတ္ထားၿပီး အုပ္စု A အျဖစ္ အသက္ ၅ ႏွစ္မွ ၁၁ ႏွစ္အတြင္းရွိ ကေလးမ်ား ပါဝင္ယွဥ္ၿပိဳင္ႏိုင္မည္ျဖစ္ကာ အုပ္စု B တြင္ အသက္ ၁၂ ႏွစ္မွ ၁၆ ႏွစ္အထိ လည္းေကာင္း၊ အုပ္စု C တြင္ အသက္ ၁၆ ႏွစ္အထက္စသည္ျဖင့္ ပါဝင္ႏိုင္မည္ျဖစ္ေၾကာင္း သံ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
“ယခု ၿပိဳင္ပြဲက အသက္အပိုင္းအျခားအလိုက္ မည္သူမဆို ဝင္ေရာက္ပါဝင္ႏိုင္မွာျဖစ္ပါတယ္။ သီးျခားကန႔္သတ္ခ်က္ေတြ မထားရွိပါဘူး။ ၿပိဳင္ပြဲရလဒ္ကို သံ႐ုံးက ေ႐ြးခ်ယ္ထားတဲ့ ဒိုင္လူႀကီးေတြက အဆုံးအျဖတ္ေပးမွာ ျဖစ္ပါတယ္” ဟု အိႏၵိယသံ႐ုံး၏ ယဥ္ေက်းမႈဌာနမွ အကဆရာမျဖစ္သူ Lalan Desai က NP News ကိုေျပာသည္။
အဆိုပါ “သၾကၤန္ပြဲေတာ္"ေခါင္းစဥ္ျဖင့္ က်င္းပသည့္ ပန္းခ်ီၿပိဳင္ပြဲသည္ အိႏၵိယႏိုင္ငံ ယဥ္ ေက်းမႈဆိုင္ရာ ဆက္ဆံေရးေကာင္စီ (ICCR) တည္ေထာင္သည့္ေန႔ အထိမ္းအမွတ္အျဖစ္ လုပ္ေဆာင္ျခင္းျဖစ္ၿပီး “သၾကၤန္ပြဲေတာ္"ေခါင္းစဥ္ျဖင့္ ပန္းခ်ီၿပိဳင္ပြဲကို အိႏၵိယစင္တာ၌ ပထမဆုံး စီစဥ္က်င္းပျခင္းျဖစ္ေၾကာင္းလည္း Lalan Desai က NP News ကို အသိေပးထားသည္။
ၿပိဳင္ပြဲ၌ အႏိုင္ရသူမ်ားကို ေငြသားဆုမ်ား ခ်ီးျမႇင့္သြားမည္ျဖစ္ကာ ICCR တည္ေထာင္သည့္ေန႔ အထိမ္းအမွတ္လက္မွတ္မ်ားကိုလည္း ေပးအပ္ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲသို႔ ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ားအေနျဖင့္ cul.yangon@mea.gov.in သို႔ အမည္စာရင္းေပးသြင္းႏိုင္ၿပီး စုံစမ္းေမးျမန္းလိုသည္မ်ားကိုလည္း အဆိုပါအီးေမး(လ္)သို႔ တိုက္ ႐ိုက္ဆက္သြယ္ႏိုင္ေၾကာင္း သံ႐ုံးက အသိေပးေၾကညာထားသည္။
အိႏၵိယသံ႐ုံး၏ ဆြာမိဝိေဝကာနန္ဒ ယဥ္ေက်းမႈဌာန (SVCC) သည္ ႏွစ္ႏိုင္ငံ ယဥ္ေက်းမႈဖလွယ္သည့္ ပြဲမ်ားကို အခါအားေလ်ာ္စြာ က်င္းပေပးေလ့ရွိေၾကာင္းလည္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အငြိမ်းစား မြန်မာ့သစ်လုပ်ငန်းလက်ထောက် အထွေထွေမန်နေဂျာ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း