အငြိမ်းစား မြန်မာ့သစ်လုပ်ငန်းလက်ထောက် အထွေထွေမန်နေဂျာ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရ
NP News - မတ် ၃၁
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် အငြိမ်းစား မြန်မာ့သစ်လုပ်ငန်းလက်ထောက်အထွေထွေမန်နေဂျာ သေနတ်ဖြင့် ပစ်ခတ်ခံရခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၃၁ ရက်)၊ နေ့လည် (၁၂)နာရီ၊ (၃၅)မိနစ်အချိန်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၃၄ ရပ်ကွက်ရှိ ဦးလှဖေလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းတွင်နေထိုင်သူ အငြိမ်းစား မြန်မာ့သစ်လုပ်ငန်းလက်ထောက်အထွေထွေမန်နေဂျာသည် ဈေးမှ အိမ်သို့ပြန်လာစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် ဈေးမှနေအိမ်သို့ ပြန်လာစဥ် အိမ်ရှေ့အရောက်၌ စက်ဘီးစီးလာသည့် အမျိုးသားတစ်ဦးသည် ကားဘယ်ဘက်မှ ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆက်လက်ပြောဆိုထားသည်။
ပစ်ခတ်ခံရမှုကြောင့် ၎င်း၏ဘယ်ဘက်ပေါင်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
zawgyi version
အၿငိမ္းစား ျမန္မာ့သစ္လုပ္ငန္းလက္ေထာက္ အေထြေထြမန္ေနဂ်ာ ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္ခံရ
NP News - မတ္ ၃၁
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းတြင္ အၿငိမ္းစား ျမန္မာ့သစ္လုပ္ငန္းလက္ေထာက္အေထြေထြမန္ေနဂ်ာ ေသနတ္ျဖင့္ ပစ္ခတ္ခံရခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သည့္ သတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၃၁ ရက္)၊ ေန႔လည္ (၁၂)နာရီ၊ (၃၅)မိနစ္အခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း၊ ၃၄ ရပ္ကြက္ရွိ ဦးလွေဖလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါလမ္းတြင္ေနထိုင္သူ အၿငိမ္းစား ျမန္မာ့သစ္လုပ္ငန္းလက္ေထာက္အေထြေထြမန္ေနဂ်ာသည္ ေဈးမွ အိမ္သို႔ျပန္လာစဥ္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
၎သည္ ေဈးမွေနအိမ္သို႔ ျပန္လာစဥ္ အိမ္ေရွ႕အေရာက္၌ စက္ဘီးစီးလာသည့္ အမ်ိဳးသားတစ္ဦးသည္ ကားဘယ္ဘက္မွ ပစ္ခတ္ကာ ထြက္ေျပးသြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မွ ဆက္လက္ေျပာဆိုထားသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ၎၏ဘယ္ဘက္ေပါင္တြင္ ေသနတ္ထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနက်ရောင်အိတ်ကိုင်ကာ လမ်းလျှောက်လာသူအား ရပ်တန့်ခိုင်းရာ ထွက်ပြေးခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးမှု ခရမ်းမြို့တွင်ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း