အနက်ရောင်အိတ်ကိုင်ကာ လမ်းလျှောက်လာသူအား ရပ်တန့်ခိုင်းရာ ထွက်ပြေးခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးမှု ခရမ်းမြို့တွင်ဖြစ်ပွား
NP News - မတ် ၃၁
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် အနက်ရောက်အိတ်တစ်လုံးကိုင်ကာ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၃၁ ရက်)၊ နေ့လည် (၁)နာရီအချိန် ခရမ်းမြို့နယ်၊ ဒေပေါက်ကျေးရွာနှင့် စွယ်တော်ကွင်းကျေးရွာသွားလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ ဒေပေါက်ကျေးရွာနှင့် စွယ်တော်ကွင်းကျေးရွာသွားလမ်းရှိ စွယ်တော်ကွင်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဥ်ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်နေစဥ် အမျိုးသားတစ်ဦးသည် အနက်ရောင်အိတ်(၁)လုံးကိုကိုင်ကာ လမ်းလျှောက်လာခဲ့ကြောင်း ၎င်းမှဆိုသည်။
ထို့ကြောင့် အဆိုပါအမျိုးသားအား စစ်ဆေးမှုများ ဆောင်ရွက်ရန် ရပ်ခိုင်းခဲ့ရာထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ၎င်းသည် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသား၏ အိတ်အတွင်းမှ လက်ကိုင်ဖုန်းတစ်လုံးနှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို တွေ့ရှိခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆိုသည်။
zawgyi version
အနက္ေရာင္အိတ္ကိုင္ကာ လမ္းေလွ်ာက္လာသူအား ရပ္တန႔္ခိုင္းရာ ထြက္ေျပးခဲ့သျဖင့္ ပစ္ခတ္ဖမ္းဆီးမႈ ခရမ္းၿမိဳ႕တြင္ျဖစ္ပြား
NP News - မတ္ ၃၁
ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္တြင္ အနက္ေရာက္အိတ္တစ္လုံးကိုင္ကာ လမ္းေလွ်ာက္လာသည့္ အမ်ိဳးသားတစ္ဦး ပစ္ခတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၃၁ ရက္)၊ ေန႔လည္ (၁)နာရီအခ်ိန္ ခရမ္းၿမိဳ႕နယ္၊ ေဒေပါက္ေက်း႐ြာႏွင့္ စြယ္ေတာ္ကြင္းေက်း႐ြာသြားလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးတြင္ ေနထိုင္သည့္ သတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ ေဒေပါက္ေက်း႐ြာႏွင့္ စြယ္ေတာ္ကြင္းေက်း႐ြာသြားလမ္းရွိ စြယ္ေတာ္ကြင္းေက်း႐ြာအနီးတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ယာဥ္ပိတ္ဆို႔စစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနစဥ္ အမ်ိဳးသားတစ္ဦးသည္ အနက္ေရာင္အိတ္(၁)လုံးကိုကိုင္ကာ လမ္းေလွ်ာက္လာခဲ့ေၾကာင္း ၎မွဆိုသည္။
ထို႔ေၾကာင့္ အဆိုပါအမ်ိဳးသားအား စစ္ေဆးမႈမ်ား ေဆာင္႐ြက္ရန္ ရပ္ခိုင္းခဲ့ရာထြက္ေျပးခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပစ္ခတ္ခံရမႈေၾကာင့္ ၎သည္ က်ည္ထိမွန္ဒဏ္ရာရရွိကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူ အမ်ိဳးသား၏ အိတ္အတြင္းမွ လက္ကိုင္ဖုန္းတစ္လုံးႏွင့္ လက္ပစ္ဗုံးတစ္လုံးတို႔ကို ေတြ႕ရွိခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မွ ဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကြေးအသုံးပြုမှုတွေကို စွန့်လွှတ်ဖို့၊ လျှော့ချဖို့ အာဆီယံအဖွဲ့ စီစဉ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း