Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကြေးအသုံးပြုမှုတွေကို စွန့်လွှတ်ဖို့၊ လျှော့ချဖို့ အာဆီယံအဖွဲ့ စီစဉ်နေ

ဂျန်ဇက် (NP News) - ဧပြီ ၁


အာဆီယံအဖွဲ့ဝင်နိုင်ငံများဟာ အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေးသုံးစွဲမှုတွေကို စွန့်လွှတ်ဖို့ စီစဉ်လျက်ရှိနေကြောင်းသိရပါတယ်။


အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်အကြီးအကဲများ ပြုလုပ်မယ့် အစည်းအဝေအတွင်း ဒေါ်လာ၊ ယူရို၊ ယွမ်၊ ပေါင်စတာလင်စတဲ့ငွေကြေးများ သုံးစွဲမှုတွေကို စွန့်လွှတ်ဖို့ ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။ ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားအပေါ် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ပိတ်ဆို့မှုများချမှတ်ခဲ့ပြီးနောက် ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ အိုပက်နိုင်ငံတွေဟာ အမေရိကန်ဒေါ်လာအသုံးပြုမှုတွေကို စွန့်ပစ်ဖို့ စီစဉ်နေချိန်မှာ အာဆီယံကလည်း အခုလိုမျိုးစဉ်းစားလာတာဖြစ်ပါတယ်။


အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်ရေးပြုလုပ်ရာမှာ ပေးချေရမယ့်ငွေကြေးကို ဒေသတွင်းနိုင်ငံများကြားအသုံးပြုနေတဲ့ငွေကြေး၊ ဒါမှမဟုတ် ငွေကြေးအသစ်ထပ်မံဖန်တီးပြီးပေးချေဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဒေသတွင်းနိုင်ငံများအနေနဲ့  ပေါင်စတာလင်၊ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကြေးများကဲ့သို့သော အနာက်အုပ်စုနိုင်ငံများရဲ့ငွေကြေးများအပေါ် မှီခိုနေခြင်းကို လျှော့ချပစ်မယ့်နည်းလမ်းရှာဖွေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား အကောင်ထည်ဖော်လျက်ရှိနေတဲ့ (LCT) ငွေကြေးစနစ်အသုံးပြုမှုတွေကို တိုးမြှင့်ဖို့လုပ်ဆောင်ရမယ်လို့ပြောပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာ ပြည်တွင်းနိုင်ငံသုံးငွေကြေးကိုအဓိကထားအသုံးပြုဖို့ သဘောတူညီချက်ရရှိထားကြောင်းသိရပါတယ်။


အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြားဖြစ်နေတဲ့ ပထဝီဝင်နိုင်ငံရေးအားပြိုင်မှုတွေမှာမပါဝင်ဖို့လိုကြောင်းဆိုပါတယ်။ အာဆီယံအဖွဲ့ဝင်(၅)နိုင်ငံအသုံးပြုနေတဲ့လက်ရှိငွေကြေးစနစ်မှာ ကုန်သွယ်မှုတွေအတွက် ငွေချေရာမှာ နိုင်ငံခြားငွေကြေးအသုံးပြုမှုကိုရပ်တန့်ပြီး ကုန်သွယ်မှုမှာပါဝင်တဲ့နိုင်ငံများကြား အသုံးပြုတဲ့ငွေကြေးမျိုးနဲ့သာ ပေးချေနေခြင်းဖြစ်ကြောင်းသိရပါတယ်။


အင်ဒိုနီးရှားသမ္မတက "ကျွန်တော်တို့ဟာ သတိထားရမယ်။ အမေရိကန်ဟာ ရုရှားအပေါ် ပိတ်ဆို့မှုချမှတ်ခဲ့တယ်။ အင်အားကြီးနိုင်ငံတွေကြား ပထဝီဝင်နိုင်ငံရေး အားပြိုင်မှုတွေကြောင့် အရောင်းအဝယ်တွေမှာငွေကြေးပေးချေမှု အခက်အခဲမဖြစ်အောင် ကာကွယ်ဖို့ လိုအပ်တယ်။ အနောက်အုပ်စုနိုင်ငံတွေက ဖန်တီးထားတဲ့ Visa  နဲ့ Mastercard တို့ဟာလည်း အခက်ခဲဖြစ်လာနိုင်တယ်"လို့ပြောပါတယ်။


အာဆီယံအဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၁)နိုင်ငံရှိနေပြီး လူဦးရေ သန်းပေါင်း (၆ဝဝ)ကျော်ရှိကာအဖွဲ့၏ဂျီဒီပီက အမေရိကန်ဒေါ်လာ(၄)ထရီလျံတန်ဖိုးရှိကြောင်းသိရပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - ဧပြီ ၁













Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သူငယ်ချင်း(၃)ဦးရေဆင်းကူးရာ (၁)ဦး ရေနစ်သေဆုံးမှု မကွေးမြို့နယ်၌ ဖြစ်ပွား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved