သူငယ်ချင်း(၃)ဦးရေဆင်းကူးရာ (၁)ဦး ရေနစ်သေဆုံးမှု မကွေးမြို့နယ်၌ ဖြစ်ပွား
Pearl (NP News) – ဧပြီ ၁
မကွေးတိုင်း၊ မကွေးမြို့နယ်ရှိ ကျေးရွာမြစ်ဆိပ်တွင် သူငယ်ချင်း(၃)ဦးရေဆင်းကူးရာ (၁)ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း ကရုဏာရှင် နာရေးကူညီမှုအသင်း (မကွေးမြို့)ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၃၁ ရက်)၊ နေ့လည် (၂)နာရီအချိန်ခန့်တွင် မကွေးမြို့နယ်၊ မြို့ဟောင်းရပ်ကွက်ရှိ ကျေးရွာမြစ်ဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကိုမျိုးထက်ဦး အပါအဝင် (၃)ဦးတို့သည် ကျေးရွာမြစ်ဆိပ်တွင်ရေကူးရာ မြစ်အလယ်ရှိ ကျွန်းမှ ကျွန်းစုဆိပ်ဘက်မှ ပြန်ကူးလာချိန်တွင် ၎င်းမှာရေနစ်သွားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ သတင်းရတာတော့ ညနေ(၄)နာရီခွဲလောက်ကပါ၊ နစ်တာက နေ့လည် (၂) နာရီလောက်ပါ၊ သူငယ်ချင်း (၃)ယောက်ရေကူးတာ၊ နှစ်ယောက်က ပြန်ရောက်ပြီး တစ်ယောက်က ရေနစ်သွားတာ၊ ကျွန်းစုဆိပ်ကနေ မြစ်အလယ်က ကျွန်းကို ကူးတယ်၊ ကျွန်းဘက်ကနေ ကျွန်းစုဆိပ်ဘက်ကို ပြန်လာတဲ့အချိန် နစ်တာ" ဟု ကရုဏာရှင် နာရေးကူညီမှုအသင်း (မကွေးမြို့)၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
သေဆုံးသူသည် အသက် (၁၉)နှစ်ခန့်ရှိသူဖြစ်ပြီး သာယာကုန်းကျေးရွာတွင် နေထိုင်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း ကရုဏာရှင်နာရေးကူညီမှုအသင်း (မကွေးမြို့)ထံမှ သိရသည်။
zawgyi version
သူငယ္ခ်င္း(၃)ဦးေရဆင္းကူးရာ (၁)ဦး ေရနစ္ေသဆုံးမႈ မေကြးၿမိဳ႕နယ္၌ ျဖစ္ပြား
Pearl (NP News) – ဧၿပီ ၁
မေကြးတိုင္း၊ မေကြးၿမိဳ႕နယ္ရွိ ေက်း႐ြာျမစ္ဆိပ္တြင္ သူငယ္ခ်င္း(၃)ဦးေရဆင္းကူးရာ (၁)ဦး ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း က႐ုဏာရွင္ နာေရးကူညီမႈအသင္း (မေကြးၿမိဳ႕)ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၃၁ ရက္)၊ ေန႔လည္ (၂)နာရီအခ်ိန္ခန႔္တြင္ မေကြးၿမိဳ႕နယ္၊ ၿမိဳ႕ေဟာင္းရပ္ကြက္ရွိ ေက်း႐ြာျမစ္ဆိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ကိုမ်ိဳးထက္ဦး အပါအဝင္ (၃)ဦးတို႔သည္ ေက်း႐ြာျမစ္ဆိပ္တြင္ေရကူးရာ ျမစ္အလယ္ရွိ ကြၽန္းမွ ကြၽန္းစုဆိပ္ဘက္မွ ျပန္ကူးလာခ်ိန္တြင္ ၎မွာေရနစ္သြားခဲ့ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ သတင္းရတာေတာ့ ညေန(၄)နာရီခြဲေလာက္ကပါ၊ နစ္တာက ေန႔လည္ (၂) နာရီေလာက္ပါ၊ သူငယ္ခ်င္း (၃)ေယာက္ေရကူးတာ၊ ႏွစ္ေယာက္က ျပန္ေရာက္ၿပီး တစ္ေယာက္က ေရနစ္သြားတာ၊ ကြၽန္းစုဆိပ္ကေန ျမစ္အလယ္က ကြၽန္းကို ကူးတယ္၊ ကြၽန္းဘက္ကေန ကြၽန္းစုဆိပ္ဘက္ကို ျပန္လာတဲ့အခ်ိန္ နစ္တာ" ဟု က႐ုဏာရွင္ နာေရးကူညီမႈအသင္း (မေကြးၿမိဳ႕)၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ေသဆုံးသူသည္ အသက္ (၁၉)ႏွစ္ခန႔္ရွိသူျဖစ္ၿပီး သာယာကုန္းေက်း႐ြာတြင္ ေနထိုင္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎အား မေကြးတိုင္းျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း က႐ုဏာရွင္နာေရးကူညီမႈအသင္း (မေကြးၿမိဳ႕)ထံမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗဟိုဘဏ်၌ အပ်နှံငွေ ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်း တိုးတက်လာဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း