Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများက မြန်မာပြည်သူများအပြင် ဒေသတွင်းနိုင်ငံများအပေါ် သက်ရောက်မှုများဖြစ်စေခဲ့ဟု ကုလသမဂ္ဂဝန်ခံ

Pika (NSS) - ဧပြီ ၅

မြန်မာနိုင်ငံတွင် (၃)နှစ်ကျော်ကြာ ဖြစ်ပွားနေသော ပဋိပက္ခသည် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ် ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂအကြီးတန်းအရာရှိနှစ်ဦးက ဧပြီလ(၄)ရက်နေ့က ကျင်းပသော လုံခြုံရေးကောင်စီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။


မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူမှုအသိုင်းအဝိုင်းများ၏ အခြေခံလိုအပ်ချက်များနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ဆုံးရှုံးခဲ့ရပြီး လူ့အခွင်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် ဆိုးရွားသော သက်ရောက်မှုများရှိခဲ့ကြောင်း ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Khalid Khiari က ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသည် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပထမဆုံးအကြိမ်ပြုလုပ်သော ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးမှုတစ်ခုဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသမ္မတဟောင်း ဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းချခံထားရသော အခြားသူများကို လွှတ်ပေးရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုခဲ့ကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် နယ်စပ်ဖြတ်ကျော်လုံခြုံရေးကို အားနည်းစေပြီး တရားဥပဒေစိုးမိုးရေးပျက်ပြားမှုတို့ကြောင့် တရားမဝင်စီးပွားရေးလုပ်ငန်းများ ကြီးထွားလာမှုနှင့်အတူ မြန်မာနိုင်ငံ၏ အကျပ်အတည်းမှာ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း Khalid Khiari က ပြောကြားခဲ့သည်။ နယ်စပ်ဒေသများတွင် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများ လျင်မြန်စွာတိုးချဲ့လာမှုနှင့်အတူ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် စိတ်ကြွဆေးနှင့် ဘိန်းထုတ်လုပ်မှုတို့၏ အဓိကအချက်အချာနေရာတစ်ခုဖြစ်လာကြောင်း Khalid Khiari က ထပ်မံပြောဆိုခဲ့သည်။ 

Khalid Khiari က 'ရှားပါးတဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေနဲ့အတူ ရာဇဝတ်မှုဆိုင်ရာကွန်ရက်တွေဟာ အားနည်းတဲ့လူတွေအပေါ်မှာ အခွင့်ကောင်းယူတာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီကိစ္စတွေဟာ အရှေ့တောင်အာရှမှာ ဒေသတွင်းဆိုင်ရာ ရာဇဝတ်မှုခြိမ်းခြောက်မှုတစ်ခုအဖြစ် စတင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ကမ္ဘာလုံးဆိုင်ရာ ဂယက်ရိုက်မှုတွေနဲ့အတူ လူကုန်ကူးမှုနဲ့ တရားမဝင်ကုန်သွယ်မှု အကျပ်အတည်းအထိ ဖြစ်လာပါပြီ'ဟု ပြောဆိုခဲ့သည်။  မြန်မာနိုင်ငံရှိ ပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်နေထိုင်ရန် ကုလသမဂ္ဂ၏ ကတိဝတ်ကို Khalid Khiari ကထောက်ခံခဲ့ကြောင်းလည်းသိရသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး နိုင်ငံတကာစည်းလုံးညီညွတ်မှုနှင့် ပံ့ပိုးကူညီပေးမှုများ ပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း Khalid Khiari ကအလေးပေးပြောကြားခဲ့သည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂသည် အာဆီယံအပြင် အခြားပါဝင်ပတ်သက်သူအားလုံးနှင့် တက်ကြွစွာလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Khalid Khiari က ပြောဆိုခဲ့သည်။ ၎င်းက 'မြန်မာနိုင်ငံအရေးဟာ ကာလရှည်ကြာအကျပ်အတည်းတစ်ခုဖြစ်လာတာနဲ့အမျှ နိုင်ငံတကာက စည်းလုံးညီညွတ်တဲ့ တုံ့ပြန်မှုတစ်ခုလုပ်ဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုထားပါတယ်။ပြီးတော့ နိုင်ငံတကာစည်းမျဉ်းတွေနဲ့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်း ကြောင်းတွေ ဖွင့်ပေးဖို့အတွက် သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုတွေကို အသုံးပြုဖို့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး မြန်မာနိုင်ငံအတွက် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းတဲ့အနာဂတ်ကို ဦးတည်စေမယ့် ပြီးပြည့်စုံတဲ့နိုင်ငံရေးအဖြေကို ရှာဖို့လည်း တိုက်တွန်းထားပါတယ်'ဟု ပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားစစ်အခြေစိုက်စခန်းရှိ စစ်လေယာဉ်(၆)စင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ပြော

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved