ရုရှားစစ်အခြေစိုက်စခန်းရှိ စစ်လေယာဉ်(၆)စင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ပြော
Pika (NSS) - ဧပြီ ၆
ယူကရိန်းသည် ရုရှားနိုင်ငံ Rostov ဒေသရှိ Morozovsk စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ပြီး SBU လုံခြုံရေးဝန်ဆောင်မှု နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွင်း ရုရှားစစ်လေယာဉ် (၆)စင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးသတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ဧပြီလ(၅)ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအား မည်ကဲ့သို့လုပ်ဆောင်ခဲ့သည်ဆိုသည့်အချက်ကို ထောက်လှမ်းရေးသတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိသော်လည်း တိုက်ခိုက်မှုအတွင်း နောက် ထပ် စစ်လေယာဉ်(၈)စင်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ Morozovsk စစ်အခြေစိုက်စခန်းတွင် ယူကရိန်းစစ်တပ် နှင့် ရှေ့တန်းစစ်မြေမျက်နှာပြင်ရှိ မြို့များကို ဗုံးများကြဲချရန် ရုရှားလေတပ်က အသုံးပြုသည့် Su-24 နှင့် Su-24M ကဲ့သို့သော မဟာဗျူဟာမြောက်ဗုံးကြဲ လေယာဉ်များကို ထားရှိကြောင်းလည်း သိရသည်။ ထို့ပြင် အဆိုပါစစ်ဆင်ရေးမှာ အရေးကြီးသော စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း ယူကရိန်းထောက်လှမ်းရေးသတင်းရင်းမြစ်ကပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ယူကရိန်းသည် ရုရှားနိုင်ငံရှိ ပစ်မှတ်များကို ဒရုန်းများဖြင့် တိုက်ခိုက်မှုအား သိသိသာသာအရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် ရုရှား၏ရေနံချက်စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ၂၀၂၄ ခုနှစ်တွင် တာဝေးပြေးဒရုန်းအစင်းရေ ထောင်ပေါင်းများစွာ ထုတ်လုပ်ရန် ယူကရိန်းအစိုးရက မျှော်လင့်နေကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက ယခုနှစ်အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာအောင်မြေမြို့နယ်ရှိ လဝကရုံး လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၍ (၂)ဦး သေဆုံးကာ (၉)ဦးထက်မနည်းဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ