ထိုင်ဝမ်ကျွန်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေ
Pika (NSS) - ဧပြီ ၅
ထိုင်ဝမ်ကျွန်း အရှေ့ဖက်ကမ်းရိုးတန်းတွင် ဧပြီလ(၃)ရက်နေ့က ပြင်းအား(၇ ဒသမ ၂)မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဧပြီလ(၅)ရက်နေ့တွင် ပျောက်ဆုံးနေသူ(၁၈)ဦးကို ထိုင်ဝမ်ကယ်ဆယ်ရေးသမားများက လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်းသိရသည်။
ဧပြီလ(၃)ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် Hualien မြို့တွင် အနည်းဆုံးလူ(၁၀)ဦး သေဆုံးခဲ့ပြီး အခြားလူ(၁)ထောင်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ထို့ပြင် အမျိုးသားဥယျာဉ်တစ်ခုတွင် မြေပြိုကျမှုများကြောင့် လမ်းများပိတ်ဆို့သွားခဲ့ပြီး လူရာချီ ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။ လမ်းများပိတ်ဆို့မှုကြောင့် Taroko Gorge အမျိုးသားဥယျာဉ်ရှိ ဇိမ်ခံဟိုတယ်တစ်ခုတွင် ပိတ်မိနေသော လူ(၄၀၀)ခန့်မှာ ဘေးကင်းကြောင်း ကယ်ဆယ်ရေးသမားများက အတည်ပြုခဲ့သည်။ ကယ်ဆယ်ရေးပစ္စည်းများကို Taroko Gorge အမျိုးသားဥယျာဉ်အတွင်းသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ထုတ်ခဲ့ကြောင်းလည်းသိရသည်။ Kaohsiung မြို့ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် Su Yu-ming က'ဒီနေ့ မိုးရွာနိုင်ခြေကို ကျွန်တော်တို့ အကဲဖြတ်ထားပါတယ်။ အဲဒါကြောင့်မလို့ ရှာဖွေကယ်ဆယ်ရေးသမားတွေကို မိုးရေစိုခံတဲ့ ကိရိယာတွေ တပ်ဆင်ပေးထားမှာပါ။ ဒါပေမဲ့လည်း မိုးရွာသွန်းတာဟာ လက်ရှိကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အကြီးဆုံးစိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ကျောက်ဆောင်ပြိုကျခြင်းနဲ့ မြေပြိုခြင်းအန္တရာယ်တွေကို တိုးမြင့်စေပါတယ်။ ပြီးတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ် ဆောင်ဖို့အတွက် လိုအပ်တဲ့ရက်အရေအတွက် အတိအကျကို ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး'ဟု ပြောဆိုခဲ့သည်။
အဆိုပါငလျင်သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်ကျွန်းတွင် လှုပ်ခတ်ခဲ့သော ငလျင်များထဲတွင် အင်အားအပြင်းဆုံးငလျင်တစ်ခုဖြစ်ကြောင်း ဗဟိုမိုးလေဝသစီမံခန့်ခွဲရေး မြေငလျင်ဆိုင်ရာစင်တာ အကြီးအကဲ Wu Chien-fu က ပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်များတွင် ငလျင်လှုပ်ခတ်ပြီးနောက် အထပ်မြင့်အဆောက်အအုံအများအပြားသည် အခြားတစ်ဖက်သို့စောင်းသွားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများက မြန်မာပြည်သူများအပြင် ဒေသတွင်းနိုင်ငံများအပေါ် သက်ရောက်မှုများဖြစ်စေခဲ့ဟု ကုလသမဂ္ဂဝန်ခံ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ