မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌနေရာဝင်ရောက်ရွေးချယ်မည့်သူ မရှိဖြစ်နေ
သန့်ဇင် (NSS) - မတ် ၂၈
မြန်မာ့နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌနေရာဝင်ရောက်ရွေးချယ်မည့်သူ မရှိဖြစ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယဥက္ကဋ္ဌဦးဘန်နီတင်အောင်က ပြောကြားသည်။
အဆိုပါစကားကို ယနေ့(မတ်လ ၂၈ရက်)၊ နံနက် ၁၁နာရီအချိန်တွင်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးရှိရာ MFF Meeting Hall တွင်ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့၊ ဒီအချိန်ထိတော့ မိမိသဘောအလျောက် မည်သည့်နေရာ၊ မည်သည့် Possition ကို ဝင်ရောက်ရွေးချယ်ခံပါမည်ဆိုပြီး ဥက္ကဋ္ဌနေရာအတွက် တင်ပြလာခြင်းမျိုးတော့မရှိပါဘူး။ အဲဒါကြောင့် ဒီတစ်ချိန်မှာလည်း ဥက္ကဋ္ဌနေရာအတွက် ဘယ်သူဖြစ်လာမယ်ဆိုတာ ရွေး ကောက်ပွဲမှာစောင့်ကြည့်ရမှာပါ”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးဘန်နီတင်အောင်က ပြောသည်။
လက်ရှိမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနေရာတွင် ဦးဇော်ဇော်က ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိပြီး လာမည့် ဥက္ကဋ္ဌသက်တမ်း (၄)နှစ်တာကာလတွင်လည်း ၎င်းကပင်ဆက်လက်တာဝန်ယူသွားဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ နှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေး ကောက်ပွဲကိုလာမည့် မတ်လ ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ Novotel ဟိုတယ်၌ ကျင်းပမည့်ဖြစ်ပြီး အလုပ်အမှုဆောင်နေရာ(၁၉)ဦးအတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၀)ဦးက မဲပေးရွေးချယ်သွားကြမည်ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအပါအဝင် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲအား ၂၀၁၅ ခုနှစ်ကစတင်ကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံသားများ ပြည်ပထွက်ချိန်မှာ သတိထားဖို့ ရုရှားအစိုးရ သတိပေး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း