ရုရှားနိုင်ငံသားများ ပြည်ပထွက်ချိန်မှာ သတိထားဖို့ ရုရှားအစိုးရ သတိပေး
ဂျန်ဇက် (NSS) - မတ် ၂၈
ရုရှားနိုင်ငံသားတွေဟာ နိုင်ငံပြင်ပ ကိုခရီးသွားရောက်ရာမျာ အလွန်ဂရုစိုက်သတိထားဖို့ တိုက်တွန်းလိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ရုရှားနိုင်ငံသားတွေကို ဖမ်းဆီးပြီး အမေရိကန်နိုင်ငံကို ပို့ဆောင်မယ့်အန္တရာယ်မျိုးရှိလာနိုင်တဲ့အတွက် သတိထားရ မှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ အမေရိကန်အစိုးရရဲ့တောင်းဆိုချက်တွေအရ တတိယနိုင်ငံရဲ့အဖွဲ့အစည်းတွေဟာ ရုရှားနိုင်ငံသားတွေကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်း ရုရှားအစိုးရက ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ အီဂျစ်၊ တူရကီ၊ ထိုင်း အပါအဝင် နိုင်ငံပေါင်း ၁ဝဝ ကျော်နဲ့ တရားခံလွှဲပြောင်းပေးရေး သဘောတူညီမှုစာချုပ်များ လက်မှတ်ရေးထိုးထားကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂနိုင်ငံတွေဟာ ရုရှားနိုင်ငံသားတွေကို ရုရှားလိုင်စင်ကား နံပါတ်တပ်ဆင်ထားတဲ့ကားတွေကို ဝင်ရောက်ခွင့်ပိတ်ပင်တာ၊ ရုရှားနိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို တင်းကြပ်မှုတွေ၊ တားဆီးပိတ်ပင်မှုတွေ လုပ်ဆောင် နေကြောင်း ရုရှားအစိုးရက သတိပေးထားပါတယ်။
ရုရှားအစိုးရအနေနဲ့ ရုရှားနိုင်ငံသားတွေကို သွားရောက်သင့်တဲ့ နိုင်ငံတွေစာရင်းကို သီခြားသတင်းထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း၊ အမေရိကန်အစိုးရဟာရုရှားနိုင်ငံသားတွေကို ပြန်ပေးဆွဲသလိုမျိုးလုပ်ဆောင်ဖို့ စီစဉ်လာနေခြင်းဖြစ် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားကို ပိတ်ဆို့မှုအမျိုးမျိုး ချမှတ်ခဲ့ပြီး တင်းကြပ်တဲ့ စည်းကမ်းတွေ သတ်မှတ်ခဲ့ပါတယ်။
ရုရှားနိုင်ငံသားတွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း နိုင်ငံခြားတိုင်းပြည်တွေမှာ ဖမ်းဆီးခံရပြီး အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးခံရမှုများရှိခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်ရှိ ခရီးစဥ်(၃၈)နေရာအနက်မှ ဆွဲဆောင်မှုပိုကောင်းသည့် ဦးစားပေးနေရာများရွေးချယ်၍ ခရီးစဥ်လမ်းကြောင်းများရေးဆွဲရန် စီစဥ်နေ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း