နေပြည်တော်ရှိ ခရီးစဥ်(၃၈)နေရာအနက်မှ ဆွဲဆောင်မှုပိုကောင်းသည့် ဦးစားပေးနေရာများရွေးချယ်၍ ခရီးစဥ်လမ်းကြောင်းများရေးဆွဲရန် စီစဥ်နေ
ယွန်း (NSS) - မတ် ၂၈
နေပြည်တော်ရှိ ခရီးစဥ်(၃၈)နေရာအနက်မှ ဆွဲဆောင်မှုပိုကောင်းသည့် ဦးစားပေးနေရာများရွေးချယ်၍ ခရီးစဥ်လမ်းကြောင်းများရေးဆွဲရန် စီစဥ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ဝန်ကြီးဌာနရှိ ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ နေပြည်တော်တွင် မကြာမီကတည်ဆောက်ပြီးစီးခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် ဘုရားပုထိုးစေတီများ၊ သဘာဝရှုမျှော်ခင်းများ၊ အပန်းဖြေဥယျာဥ်များနှင့် ပြတိုက်များ အစရှိသည့် ခရီးသွားဆွဲဆောင်ရာနေရာ(၃၈)နေရာရှိကြောင်း သိရသည်။ ထို့ ကြောင့် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် ဈေးကွက်ရှာဖွေရေးကိုလည်း ထိထိရောက်ရောက်ဆောင်ရွက် ရန်လိုအပ်ပြီး အဆိုပါခရီး သွားဆွဲဆောင်ရာနေရာ(၃၈)နေရာရှိသည့်အနက်မှ ဆွဲဆောင်မှုပိုမိုကောင်းမွန်သည့် ဦးစားပေးနေရာများကို ရွေးချယ်၍ ခရီးစဥ်လမ်းကြောင်းများရေးဆွဲရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးမြှင့်တင်ဆောင်ရွက်ရာတွင် Promotion Campaign ကဲ့သို့ အစီအစဥ်များကို အကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာအစည်းအဝေးများ၊ ညီလာခံများနှင့် ကုန်စည်ပြပွဲများ ကျင်းပရန်အတွက် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာများ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများနှင့် တည်းခိုရိပ်သာများရှိသော နေပြည်တော်ကို MICE(Meetings, Incentives, Conferences, Exhibitions) ခရီးစဉ်ဒေသတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်အုပ်ချုပ်ရေးကြေညာထားသည့် သိန္နီမြို့နယ်တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP တို့ တိုက်ပွဲဖြစ်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း