ယူကရိန်းသို့ ပေးပို့မည့် F-16 တိုက်လေယာဉ်များနှင့်ပတ်သက်ပြီး ရုရှားသမ္မတ သတိပေး
Pika (NSS) - မတ် ၂၈
ယူကရိန်းနိုင်ငံသို့ အမေရိကန်ထုတ် တိုက်လေယာဉ်များ ပေးပို့မည်ဆိုပါက အဆိုပါတိုက် လေယာဉ်များကို အနောက်အုပ်စု၏အခြားစက်ပစ္စည်းကိရိယာများကဲ့သို့ ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က မတ်လ(၂၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
နေတိုးအဖွဲ့ဝင်နိုင်ငံ အများအပြားသည် ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပေးပို့ပေးမည်ဟု ကတိပြုကာ ယူကရိန်းလေယာဉ်မှူးများကို လေ့ကျင့်ပေးမှုများ လုပ်ဆောင်ပေးနေသော်လည်း လက်ရှိအချိန်အထိ တိုက်လေယာဉ်ပေးပို့မှုမရှိသေးကြောင်းသိရသည်။သို့သော်လည်း ယူကရိန်းသို့ တိုက်လေယာဉ်များပေးပို့ခြင်းက ပဋိပက္ခကို ပိုမိုအရှိန်မြင့်လာစေမည်သာဖြစ်ကြောင်း ရုရှားဘက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။ ပူတင်က 'အနောက်အုပ်စုဟာ ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ပေးပို့ခဲ့မယ်ဆိုရင်တောင် စစ်မြေပြင်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ ဒုံးကျည်ပစ်လွှတ်တဲ့စနစ်တွေအပါအဝင် အခြားပစ္စည်းကိရိယာတွေကို ဖျက်ဆီးပစ်ခဲ့သလိုပဲ ဒီတိုက်လေယာဉ်တွေကို ဖျက်ဆီးပစ်မှာပါ'ဟု ပြောဆိုခဲ့သည်။
ရုရှားသမ္မတပူတင်သည် Tver ဒေသရှိ Torzhok လေတပ်စခန်းသို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ယူကရိန်းလေယာဉ်မှူးများ ပျံသန်းနေသည့် F-16 တိုက်လေယာဉ်များသည် တတိယနိုင်ငံများတွင် အခြေစိုက်မည်ဆိုလျှင်တောင် အဆိုပါတိုက်လေယာဉ်များက ရုရှားအတွက် တရားဝင်လေကြောင်းပစ်မှတ်များ ဖြစ်လာမည်ဖြစ်ကြောင်း ပူတင်က ထပ်မံပြောဆိုခဲ့သည်။ သမ္မတ ပူတင်က ' ဒီ F-16 တိုက်လေယာဉ်တွေကို တတိယနိုင်ငံတွေရဲ့ လေယာဉ်ကွင်းတွေကနေအသုံးပြုမယ်ဆိုရင်တောင် သူတို့ဟာ ဘယ်နေရာမှာပဲရှိရှိ ကျွန်တော်တို့အတွက် တရားဝင်ပစ်မှတ်တွေဖြစ်လာမှာပါ' ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ ပြင်သစ်နိုင်ငံကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ဟု Bloomberg သတင်းဌာနဖော်ပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ