ရုရှားသမ္မတပူတင်ကို အမေရိကန်သမ္မတက သားသတ်သမားလို့ ခိုင်းနှိုင်းပြီး ဝေဖန်တိုက်ခိုက်
ဂျန်ဇက် (NSS) - မတ် ၂၇
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားသမ္မတပူတင်ကို သားသတ်သမားတစ်ဦးအဖြစ် ဝေဖန်ပြစ်တင်လိုက်ကြောင်းသိရပါတယ်။
အမေရိကန်သမ္မတဟာ ပူတင်ကို သားသတ်သမားတစ်ဦးအဖြစ် နှစ်လကျော်အတွင်း ဒုတိယအကြိမ်မြောက်ဝေဖန်ပြစ်တင်လိုက်ခြင်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်ကို အခုလိုမျိုးဝေဖန်ပြစ်တင်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း ရုရှားသမ္မတပူတင်ကို စတင်ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က သမ္မတဂျိုးဘိုင်ဒန်ရဲ့ပြောဆိုချက်တွေဟာ အမေရိကန်နိုင်ငံသားတွေအတွက် ရှက်စရာကောင်းကြောင်းပြောပါတယ်။
၎င်းက 'နိုင်ငံသမ္မတတစ်ဦး သုံးနှုန်းပြောဆိုတဲ့စကားတွေဟာ လေ့လာကြည့်မယ်ဆိုရင် ရှက်စရာကောင်းပါတယ်'လို့ ပြောပါတယ်။ အမေရိကန်သမ္မတဟာ ရုရှားသမ္မတပူတင်အပြင် တရုတ်သမ္မတရှီကျင့်ဖျင့်ကို ဝေဖန်ပြစ်တင်ခဲ့ဖူးပြီး တရုတ်သမ္မတ ရှီကျင့်ဖျင့်ကို အာဏာရှင်အဖြစ် ခိုင်းနှိုင်းဝေဖန်ခဲ့ဖူးကြောင်း သိရပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး နှစ်နိုင်ငံကြားအပြန်အလှန်ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အမေရိကန်ဟာ ရုရှားနဲ့စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုအရှိန်ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ဟာ လက်ရှိအချိန်မှာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးနိုင်ဖို့ ကြိုးပမ်းနေပြီး အမေရိကန်လွှတ်တော်ရဲ့ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားအစိုးရက နိုင်ငံခြားအလုပ်သမားခေါ်ယူမှုခွင့်ပြုချက်ဆိုင်းငံ့ထားသဖြင့် မြန်မာလုပ်သားများ တရားမဝင်သွားရောက်မှုတိုးပွားလာခြင်းနှင့်အတူ အလိမ်ခံရမှုလည်း မြင့်တတ်လာနိုင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ