စစ်တပ်ကို ပိုမိုအားကောင်းလာစေရန်အတွက် နောက်ထပ်စစ်သားစုဆောင်းမှုများလုပ်ဆောင်ရန် မလိုအပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးပြော
Pika (NSS) - မတ် ၂၇
ရုရှားနိုင်ငံအနေဖြင့် ၎င်း၏စစ်တပ်ကို ပိုမိုအားကောင်းလာအောင်လုပ်ဆောင်ရန်အတွက် နောက်ထပ်စစ်သားစုဆောင်းမှုများလုပ်ဆောင်ရန် မလိုအပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူက ထုတ်ဖော်ပြောဆိုခဲ့သည်။
ယူကရိန်းက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းအား ကာကွယ်ရန်အတွက် ယူကရိန်းထိန်းချုပ်ထားသော နယ်မြေများတွင် ကြားခံဇုန်ထူထောင်ရန် ဆုံးဖြတ်ခဲ့လျှင်တောင် နောက်ထပ်စစ်သားစုဆောင်းမှုများ လုပ်ဆောင်ရန် မလိုအပ်ကြောင်း ဆာဂေးရှိုဂူက ထပ်မံပြောဆိုခဲ့သည်။ ရုရှားအစိုးရသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စစ်သားစုဆောင်းမှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ကီလိုမီတာ(၁)ထောင်ကျော် ရှည်လျားသော ရှေ့တန်းစစ်မြေမျက်နှာပြင်ကို ထိန်းထားနိုင်ရန်၊ အခြေအနေများ တည်ငြိမ်စေရန်နှင့် နယ်မြေအသစ်များကို ကာကွယ်ရန်တွက် နောက်ထပ်တပ်ဖွဲ့ဝင်များကို လိုအပ်ကြောင်း အဆိုပါအချိန်တွင် ဆာဂေးရှိုဂူက ထုတ်ပြန်ပြောဆိုခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ရုရှားအာဏာပိုင်များသည် ကြီးမားသော စစ်သားစုဆောင်းမှုကို လုပ်ဆောင်ခဲ့ပြီး လူပေါင်း(၄၉၀၀၀၀)ခန့်သည် စစ်တပ်နှင့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်း သို့မဟုတ် စေတနာ့ဝန်ထမ်းအဖွဲ့များတွင် ပါဝင်ခဲ့ကြကြောင်းသိရသည်။ ရုရှားနိုင်ငံတစ်ဝှမ်းတွင် နေ့စဉ် လူပေါင်း(၁၅၀၀)ခန့်သည် ၎င်းတို့၏ဆန္ဒအလျောက်စစ်မှုထမ်းနေကြကြောင်း သမ္မတပူတင်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဆာဂေးရှိုဂူက 'ဒီနှစ်မှာ စစ်တပ်နဲ့ရေတပ်အတွက် စစ်သားစု ဆောင်းမှုအစီအစဉ်တွေက ပြီးသွားပါပြီ။ ရုရှားစစ်တပ်မှာ တပ်ဖွဲ့ဝင်(၁ ဒသမ ၁၅)သန်းရှိပါတယ်။၂၀၂၄ ခုနှစ်မှာ ရုရှားစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်အရေအတွက်ဟာ (၁ ဒသမ ၅)သန်းထိတိုးလာပါလိမ့်မယ်'ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းခြေတွင် လေကြောင်းမှချပေးသော အကူအညီအထုပ်ဆီသို့ ရောက်ရှိရန်ကြိုးပမ်းကြချိန်အတွင်း လူ(၁၂)ဦးရေနစ်သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ