ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်ခဲ့ရပြီး ဒေသကုန်ထုတ်လုပ်မှုများကို ထိခိုက်စေခဲ့သည်ဟု ဆို
Pearl (NSS) - မတ် ၂၆
ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်ခဲ့ရပြီး ဒေသကုန် ထုတ်လုပ်မှုများကို ထိခိုက်စေခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း နှင့် ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များကို တိုးတက်ရန်ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပြီး ပိုလျှံသည်များကို ပြည်ပပို့ကုန်များအဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက် ရန်လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး စနစ်တကျစိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း နှင့် အလားတူသီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်ရန် လိုကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့်ကာလအတွင်း ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်ခဲ့ရပြီး ဒေသကုန်ထုတ်လုပ်မှုများကို ထိခိုက်စေခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒေသအလိုက် ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ လိုအပ်သည်များ ကို ကူညီဆောင်ရွက်ပေးသွားရန်လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် မွေးမြူရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျော့နည်းကျဆင်းလာသည်ကို တွေ့ရသဖြင့် ပြန်လည် တိုးတက်ရေးဆောင်ရွက်ရန်လိုကြောင်း နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မှသာ စက်မှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော်ဘိုရင်း လေယာဉ်ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သူ ရာထူးက နုတ်ထွက်တော့မယ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ