(၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို ညနေပိုင်းတွင်ကျင်းပမည်ဖြစ်ပြီး လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ညဘက်စွမ်းရည်ပြ အလေးပြုပျံသန်းမည်
Pearl (NSS) - မတ် ၂၆
(၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို မတ်လ (၂၇)ရက်၊ ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ညဘက်စွမ်းရည်ပြ အလေးပြု ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (မတ်လ ၂၆ ရက်)တွင် မီဒီယာများကို အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
“တပ်မတော်နေ့နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းလေးကို အရင်ပြောချင်ပါတယ်။ တပ်မတော်နေ့ကို ၁၉၄၆ ခုနှစ် မှာ ပထမအကြိမ် စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့နေရာမှာ မနက်ပိုင်းကျင်းပခဲ့တာရှိပါတယ်။ ညနေပိုင်း၊ ညပိုင်းကျင်းပခဲ့တာမျိုးရှိပါတယ် ။ ဒီနှစ်မှာလည်း ညနေပိုင်း၊ ညပိုင်းမှာ ကျင်းပရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ရာသီဥတုအခြေအနေအရ ဖြစ်ပါတယ်။ ဒီနှစ်ဟာ အယ်နီညိုကျရောက်နေတဲ့ နှစ် ဖြစ်တဲ့အတွက်ကြောင့်မို့ ရာသီဥတုအခြေအနေအရလည်း ညနေပိုင်း၊ ညပိုင်းမှာ ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင်ထူးခြားမှုအနေဖြင့် စစ်ရေးပြအခမ်းအနားကျင်းပချိန်၌ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ညဘက်စွမ်းရည်ပြ အလေးပြုပျံသန်းမှုကို တွေ့မြင်ရမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
တပ်မတော်နေ့ကို ၁၉၄၆ ခုနှစ်၌ ပထမအကြိမ် စတင်ကျင်းပခဲ့ပြီး ၁၉၅၄ ခုနှစ် ၊ (၉) နှစ်မြောက် တပ်မတော်နေ့မှ ၁၉၆၇ ခုနှစ် ၊ (၂၂)နှစ် မြောက် တပ်မတော်နေ့အထိ (၁၄)ကြိမ်တိုင်တိုင် ညနေပိုင်း၊ ညပိုင်းတွင် ကျင်းပခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေကြောင်းရန်ကာကွယ်ရေးစနစ် စမ်းသပ်လေ့ကျင့်မှုများကို ထိုင်ဝမ်စစ်တပ် ပြုလုပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ