လေကြောင်းရန်ကာကွယ်ရေးစနစ် စမ်းသပ်လေ့ကျင့်မှုများကို ထိုင်ဝမ်စစ်တပ် ပြုလုပ်
Pika (NSS) - မတ် ၂၆
ထိုင်ဝမ်သည် အမေရိကန်ထုတ်ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်များ နှင့် ၎င်း၏ လေယာဉ်ပစ် အမြောက်စနစ်များကို ဖြန့်ကျက်ချထားကာ လေကြောင်းရန်ကာကွယ်ရေးစနစ် စမ်းသပ်မှုများကို မတ်လ(၂၆)ရက် နံနက်ပိုင်းတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ကျူးကျော်ဝင်ရောက်မှုများကို ရင်ဆိုင်ရန်အတွက် လေ့ကျင့်မှု များကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက အင်အားသုံး ဖြေရှင်းသွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ကတိပြုပြောခဲ့သည်။
ထို့အပြင် တရုတ်အစိုးရသည် ထိုင်ဝမ်ကို စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးနိုင်ရန် ကြိုးပမ်းနေပြီး စစ်လေယာဉ် များ နှင့် စစ်သင်္ဘောများကို ထိုင်ဝမ်ကျွန်းအနီးသို့ မကြာခဏစေလွှတ်နေကြောင်းလည်း သိရသည်။ မတ်လ (၂၆) ရက် နံနက်(၅)နာရီမှ(၇)နာရီကြားတွင် အမေရိကန်ထုတ်ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်များ နှင့် ပြည်တွင်းထုတ် Sky Bow လေယာဉ်ပစ်အမြောက်စနစ်များ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်လေတပ်ကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့သည်။
ထိုင်ဝမ်လေတပ် ကွပ်ကဲမှုဌာနချုပ်က “ဒီစစ်ရေးလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်ကတော့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ကွပ်ကဲမှုနဲ့ ထိန်းချုပ်နိုင်မှုတွေကို အတည်ပြုဖို့ပဲဖြစ်ပါတယ်။ကျွန်းအနီးတစ်ဝိုက်က လေပိုင်နက် နဲ့ ရေပိုင်နက်တွေကို တရုတ်စစ်တပ်ရဲ့လေယာဉ်တွေနဲ့သင်္ဘောတွေ မကြာခဏကျူးကျော်ဝင်ရောက်တာတွေကို ရင်ဆိုင်နေရချိန်မှာ ထိုင်ဝမ်လေတပ်ဟာ အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်နိုင်ဖို့အတွက် လေ့ကျင့်မှုတွေကို ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမှာပါ” ဟု ပြောထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးဖို့ ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံ ထောက်ခံမဲပေးပြီး တောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ