အခြားနိုင်ငံများသို့ တိုက်ဂျက်လေယာဉ်များရောင်းချရန် ဂျပန်အစိုးရအဖွဲ့ အတည်ပြု
ALynn (NSS) - မတ် ၂၆
မတ်လ ၂၆ ရက် (ယနေ့) တွင် ဂျပန်အစိုးရအဖွဲ့က စစ်ပြီးခေတ် ငြိမ်းချမ်းရေးစည်းမျဉ်းများနှင့် သွေဖည်နေသော အစီအစဉ်တစ်ခုဖြစ်သည့် အနာဂတ်မျိုးဆက်သစ် တိုက်ဂျက်လေယာဉ်များကို ရောင်းချဖို့ အတည်ပြုလိုက်ပြီဖြစ် သည်။ ၎င်းအငြင်းပွားဖွယ်ဆုံးဖြတ်ချက်သည် ကမ္ဘာ့လုံခြုံရေးကဏ္ဍတွင် ဂျပန်၏အခန်းကဏ္ဍကို မြှင့်တင်ရာရောက် သလို ဂျပန်လက်နက်စက်ရုံများ တည်ဆောက်ခြင်းအတွက် ခြေလှမ်းတစ်ခုလည်းဖြစ်သည်။
ဂျပန်အစိုးရအဖွဲ့သည် မိတ်ဖက်များသာမက အခြားနိုင်ငံများသို့ပါ သေစေနိုင်လောက်သောလက်နက်များ ရောင်းချ ခွင့်ရရန် နိုင်ငံ၏ လက်နက်ကိရိယာများနှင့် နည်းပညာလွှဲပြောင်းလမ်းညွှန်ချက်များ ပြန်လည်ပြင်ဆင်မှုကို သဘောတူထောက်ခံခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ငြိမ်းချမ်းသောဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် လက်နက်တင်ပို့မှုကို ကာလရှည်ကြာကန့်သတ်ထားသော်လည်း ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများ မြင့်တက်နေချိန် အထူးသဖြင့် တရုတ်နိုင်ငံ၏ ဒေသတွင်းလှုံ့ဆော်မှုများကို တုံ့ပြန်ရန်အတွက် ကန့်သတ်မှုများကို ဖြေလျှော့ဖို့ ကြိုးပမ်းလာပြီဖြစ်သည်။
ဂျပန်အစိုးရ၏ ဂျက်လေယာဉ်များနှင့် ပတ်သက်သောဆုံးဖြတ်ချက်သည် ၎င်း၏ သေစေနိုင်လောက်သော လက်နက်များကို အခြားနိုင်ငံများသို့ ပထမဆုံးအကြိမ် တင်ပို့ခွင့်ပြုသွားမည်ဖြစ်သည်။ ဂျပန်သည် ၎င်း၏ အိုမင်းနေ သော အမေရိကန်ဒီဇိုင်းထုတ် F-2 တိုက်လေယာဉ်များကို အစားထိုးရန်အတွက် ယူကေ၊ အီတလီတို့နှင့်ပူးပေါင်းပြီး အဆင့်မြင့်တိုက်လေယာဉ်တစ်စီး တည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
အတိုက်အခံများက ဝန်ကြီးချုပ် Fumio Kishida အစိုးရသည် အများပြည်သူအား ဖြေရှင်းချက်မပေးဘဲ (သို့မဟုတ်) မူဝါဒအပြောင်းအလဲအတွက် အတည်ပြုချက်မရယူဘဲ တိုက်လေယာဉ်စီမံကိန်းကို ကတိကဝတ်ပြုခဲ့ခြင်းအတွက် ဝေဖန်ခဲ့ကြသည်။ လက်ရှိအချိန်တွင် ပြန်လည်ပြင်ဆင်ထားသော လမ်းညွှန်ချက်သည် ဂျက်လေယာဉ် နှင့်သာ သက်ဆိုင်ပြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် လိုအပ်ကြောင်းလည်း ဂျပန်က အာမခံပါသည်။
အလားအလာရှိသော ဝယ်ယူသူများကိုလည်း ၁၅ နိုင်ငံအထိသာ ကန့်သတ်ထားမည်ဖြစ်ပြီး ဂျပန်သည် ၎င်းနိုင်ငံများနှင့်အတူ ကာကွယ်ရေးမိတ်ဖက်နှင့် စက်ပစ္စည်းလွှဲပြောင်းပေးရေးသဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်အစိုးရထောက်ပံ့ထားသည့် ဟက်ကာအုပ်စုက ပါလီမန်ဆိုက်ဘာကို တိုက်ခိုက်ခဲ့ကြောင်း နယူးဇီလန်ပြောကြား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ