တရုတ်အစိုးရထောက်ပံ့ထားသည့် ဟက်ကာအုပ်စုက ပါလီမန်ဆိုက်ဘာကို တိုက်ခိုက်ခဲ့ကြောင်း နယူးဇီလန်ပြောကြား
ALynn (NSS) - မတ် ၂၆
နယူးဇီလန်က တရုတ်အစိုးရထောက်ပံ့ပေးထားသော ဟက်ကာများသည် ပါလီမန်ဆိုက်ဘာ အတွင်းသို့ ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်ပီတာက “ဆိုက်ဘာတိုက်ခိုက်မှုများသည် လက်သင့်ခံဖွယ်ကိစ္စများမဟုတ်ကြောင်း နှင့် ၎င်းတိုက်ခိုက်မှုများသည် တရုတ်နှင့် တိုက်ရိုက်ပတ်သက်နေကြောင်း” မတ်လ ၂၆ ရက် (ယနေ့) တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က ပီတာသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့်တွေ့ဆုံခဲ့ပြီး “နယူးဇီလန်နှင့် တရုတ် တို့၏ ရှုပ်ထွေးပြီး အရေးပါနေသောဆက်ဆံရေးနှင့် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များ” ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နယူးဇီလန်အစိုးရဆက်သွယ်ရေးလုံခြုံမှုဗျူရို (GCSB) ၏ ဖော်ပြချက်အရ ၎င်းတို့၏ အမျိုးသား ဆိုက်ဘာ လုံခြုံရေးစင်တာ (NCSC) သည် ၂၀၂၁ ခုနှစ်က ပါလီမန်ကွန်ရက်များနှင့် ချိတ်ဆက်ထားသော ကွန်ပျူတာများကို APT40 ဟုခေါ်သည့် ဟက်ကာအဖွဲ့က ဝင်ရောက်ခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။
APT40 က အသုံးပြုသည့် နည်းစနစ်များသည် တရုတ်အစိုးရနှင့် ဆက်နွှယ်နေကြောင်းနှင့် အခြားသော နယူးဇီလန် ၏ မိတ်ဖက်နိုင်ငံများတွင်လည်း အလားတူဖြစ်ရပ်များ ကြုံတွေ့ခဲ့ရကြောင်း သုံးသပ်မှုများရှိနေသည်။ နယူးဇီလန်ရှိ တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက အဆိုပါစွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း နှင့် တရုတ်သည် အခြား နိုင်ငံများ၏ ပြည်တွင်းရေးကို ဘယ်သောအခါမျှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
မတ်လ ၂၅ ရက်တွင် အမေရိကန် နှင့် ဗြိတိန်တို့က လွှတ်တော်အမတ်များ၊ မဲဆန္ဒရှင်များနှင့် ထင်ရှားသော တရုတ် ဝေဖန်ရေးသမားများ အပါအဝင် လူသန်းပေါင်းများစွာကို ပစ်မှတ်ထားသည့် ဆိုက်ဘာသူလျှိုစစ်ဆင်ရေးကို ကြိုးကိုင်နေသည်ဟု စွပ်စွဲခံထားရသော တရုတ်ကုမ္ပဏီတစ်ခု နှင့် လူနှစ်ဦးကို ပိတ်ဆို့အရေးယူရန် ကြေညာပြီးနောက် နယူးဇီလန်၏ အဆိုပါစွပ်စွဲချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
နယူးဇီလန်ကာကွယ်ရေးဝန်ကြီးက “ဆိုက်ဘာတိုက်ခိုက်မှုများကို လုပ်ဆောင်နေသည့် တရုတ်ကို ရှုတ်ချရာတွင် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ရပ်တည်ပါကြောင်း” ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်ရေတပ်၏ လေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှုအတွင်း စစ်သွေးကြွအဖွဲ့ဝင်(၅)ဦး နှင့် အရန်စစ်သား (၁)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ