ပါလက်စတိုင်းအကျဉ်းသားအနည်းဆုံး ၇၀၀ ပြန်လွှတ်ပေးဖို့ အစ္စရေးအစိုးရ သဘောတူညီ
ဂျန်ဇက် (NSS) - မတ် ၂၅
ဟားမက်စ်အဖွဲ့က ဖမ်းဆီးပြန်ပေးဆွဲထားသူ ၄ဝ ဦး ပြန်လွှတ်မြောက်စေဖို့အတွက် အစ္စရေးဟာ ၎င်းတို့ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ၇၀၀ နဲ့ ၈၀၀ ကြား ပြန်လွှတ်ပေးသွားဖွယ်ရှိနေကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်နိုင်စေဖို့ အမေရိကန်၊ အီဂျစ်၊ ကာတာ နိုင်ငံတို့က ကြားဝင်စေ့စပ်ဆွေးနွေးနေကြောင်း သိရပါတယ်။ အစ္စရေးအစိုးရတာဝန်ရှိသူတစ်ဦးက လက်ရှိအချိန်မှာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖမ်းဆီးထားသူတွေ အပြန်အလှန်ပြန်လွှတ်ပေးရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ဆိုတာဟာ ၅၀-၅၀ ရာခိုင်နှုန်းသာရှိနေကြောင်း ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ဟားမက်စ်အဖွဲ့နဲ့အပစ်ခတ်ရပ်စဲရေးအပြင် ဖမ်းဆီးထားသူတွေ အပြန်အလှန် ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်တွေကိုယခင်တုန်းက ငြင်းဆန်ပယ်ချခဲ့ဖူးကြောင်း သိရပါတယ်။ အစ္စရေးအစိုးရဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်ချေမှုန်းဖို့ လိုလားနေကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အစ္စရေးတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး ဆွေးနွေးမယ့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စီအိုင်အေညွှန်ကြားရေးမှူး ဝီလီယံဘမ်းစ့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖမ်းဆီးထားသူတွေ အပြန်အလှန်ပြန်လွှတ်ပေးရေးနဲ့ပတ်သက်ပြီး လွှတ်ပေးရမယ့်အရေအတွက်က ကွာခြားချက်ကြီးလွန်းနေတယ်လို့လည်း အစ္စရေးအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမက်စ်အဖွဲ့ကတော့ အဆိုပါအဆိုပြုချက်တွေနဲ့ပတ်သက်ပြီး တစ်စုံတရာတုံ့ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အနည်းဆုံး ၅ လကျော်ကြာမြင့်နေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်က ဖျက်သိမ်းလိုက်ကြောင်း ရုရှားအစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ