Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်က ဖျက်သိမ်းလိုက်ကြောင်း ရုရှားအစိုးရပြော

Pika (NSS) - မတ် ၂၅

အမေရိကန်သည် ရုရှားနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်နာတိုလေးအန်တိုနော့ဗ်က ပြောကြားခဲ့သည်။


အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေး၏ အဓိကကျသော အခန်းကဏ္ဍများထဲတွင်ပါဝင်ကြောင်း အန်နာတိုလေးအန်တိုနော့ဗ်က ထပ်မံပြောဆိုခဲ့သည်။ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ပြဇာတ်ရုံတစ်ခုကို သေနတ်သမားအများအပြားက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အန်နာတိုလေးအန်တိုနော့ဗ်၏ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါပြဇာတ်ရုံတိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံးလူ(၁၃၇)ဦးသေဆုံးခဲ့ပြီး အခြားလူရာကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများရှိနေခြင်းကြောင့် လူစုဝေးခြင်းမှ ရှောင်ရှားရန် ၎င်း၏နိုင်ငံသားများကို ရုရှားရှိအမေရိကန်သံရုံးက ယခုလအစောပိုင်းတွင် သတိပေးခဲ့ကြောင်းသိရသည်။ အန်နာတိုလေးအန်တိုနော့ဗ်က 'ကျွန်တော်တို့ရဲ့ သမ္မတပူတင်ဟာ အမေရိကန်တွေကို လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ ပထမဆုံးလူတစ်ဦးဖြစ်ပြီး ကူညီမှုတွေလုပ်ဆောင်ပေးဖို့ အသင့်ရှိနေတဲ့အကြောင်း ၂၀၀၁ ခုနှစ်က တည်းက ပြောဆိုခဲ့တာပါ။ ကျွန်တော်တို့ကြားမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ကိုယ်တိုင်လုပ်တဲ့ အမှားမဟုတ်ဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အမေရိကန်က ဖျက်ဆီးပစ်လိုက်ပါတယ်'ဟုပြောဆိုခဲ့သည်။

သေနတ်သမားများက မော်စကိုမြို့ရှိ ပြဇာတ်ရုံကို တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ယခုလအစောပိုင်းတွင် အမေရိကန်အစိုးရ၏ သတိပေးမှုများနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခဲ့ကြောင်းသိရသည်။ ဂျွန်ကာဘိုင်က 'မော်စကိုမြို့မှာ လူစုဝေးခြင်းကို ရှောင်ရှားဖို့ အမေရိကန်နိုင်ငံသားတွေကို သံရုံးက ယခုလအစောပိုင်းမှာ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ သတိပေးမှုတွေဟာ မော်စကိုမြို့မှာရှိတဲ့ ပြဇာတ်ရုံ တိုက်ခိုက်ခံရမှုနဲ့ ပတ် သက်တာမျိုးမရှိပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က ကြိုသိထားတာမျိုးလည်း မရှိပါဘူး'ဟု ပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီရတ်နိုင်ငံကို ISIS အဖွဲ့တွေ ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီး သတိပေး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved