ပါလက်စတိုင်းအကျဉ်းသား(၇၀၀)ကျော်ကို လွှတ်ပေးရန် အစ္စရေးဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မီဒီယာများဖော်ပြ
Pika (NSS) - မတ် ၂၅
ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော ဓါးစာခံလူ(၄၀)ဦးအတွက် အပြန်အလှန်အနေဖြင့် ပါလက်စတိုင်းအကျဉ်းသား(၇၀၀)မှ (၈၀၀)ကြားကို လွှတ်ပေးရန် အစ္စရေးအစိုးရက သဘောတူညီခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့်အရာရှိများ၏ပြောဆိုချက်ကို ကိုးကားပြီး အစ္စရေးမီဒီယာများက မတ်လ(၂၄)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါအကျဉ်းသားလဲလှယ်မှု အောင်မြင်သွားမည်ဆိုပါက အစ္စရေးနှင့် ဟားမက်ကြား စစ်ပွဲကို ရပ်ဆိုင်းထားရန် ရည်ရွယ်သည့် အလားအလာရှိသော အမေရိကန်ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
အစ္စရေးအစိုးရက လွှတ်ပေးရန်ဆန္ဒရှိသည့် အကျဉ်းသားများထဲတွင် လူသတ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား(၁၀၀)ပါဝင်ကြောင်း Channel 12 and သတင်းဝက်ဘ်ဆိုက် Walla တို့၏ ဖော်ပြချက်အရ သိရသည်။
အမည်မဖော်လိုသော အစ္စရေးအရာရှိတစ်ဦးက “လက်ရှိအချိန်မှာတော့ ဒီသဘောတူညီချက်အတွက် အခွင့်အရေး တွေက ၅၀/၅၀ လို့ပဲ ကျွန်တော်ထင်ပါတယ်” ဟု ပြောခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းသို့ ပါလက်စတိုင်းဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကိုလည်း အစ္စရေး အစိုးရက ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ဟားမက် လက်နက်ကိုင်အဖွဲ့၏ အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသားလဲလှယ်ရေးဆိုင်ရာအဆိုပြုချက်ကို ယခင်က ငြင်းဆန်ပယ်ချခဲ့ဖူးကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်လက်နက်ကိုင်အဖွဲ့၏ တည်ရှိမှုကို လုံးဝ ချေမှုန်းပစ်ရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ကြောင်း နေတန်ရာဟုက ပြောခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၇)ရက်တွင် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား (၁၂၀၀)ကျော် သေဆုံးခဲ့ကာ ပါလက်စတိုင်း လူမျိုး(၃)သောင်းကျော် သေဆုံးထားကြောင်း အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၆)ရက်ကြာရပ်ဆိုင်းထားခဲ့သည့် မော်လမြိုင်- ရန်ကုန်ရထားလမ်းပိုင်း ယနေ့တွင်ပြန်လည်ဖွင့်လှစ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ