ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်မှုအတွင်း ရုရှားစစ်သင်္ဘောနှစ်စီးကို ဒုံးကျည်များ ထိမှန်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ပြော
Pika (NSS) - မတ် ၂၅
ခရိုင်းမီးယားကျွန်းဆွယ်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရုရှားစစ်သင်္ဘောနှစ်စီးကို ထိမှန်ခဲ့ကြောင်း ယူကရိန်းတပ်ဖွဲ့များက မတ်လ(၂၄)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
ယူကရိန်းစစ်တပ်၏ မဟာဗျူဟာမြောက် ဆက်သွယ်ရေးစင်တာက “ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားရဲ့ Yamal နဲ့ Azov စစ်သင်္ဘောတွေအပြင် ဆက်သွယ်ရေးစင်တာတစ်ခုနဲ့ ရုရှားပင်လယ်နက်ရေယာဉ်စုရဲ့ အခြေခံအဆောက် အဦးနေရာအများအပြားကို ဒုံးကျည်တွေနဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။
မတ်လ(၂၃)ရက် ညနှောင်းပိုင်းတွင် ယူကရိန်းတပ်ဖွဲ့၏ ကြီးမားသောလေကြောင်းတိုက်ခိုက်မှုများကို အောင်မြင်စွာ ချေမှုန်းပစ်နိုင်ခဲ့ကြောင်း ဆီဗာစတိုပိုလ် ဆိပ်ကမ်းမြို့ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ ဆီဗာစတိုပိုလ် ဆိပ်ကမ်းမြို့အုပ်ချုပ်ရေးမှူး Mikhail Razvozhayev က “ဒီတိုက်ခိုက်မှုဟာ မကြာသေးမီကာလအတွင်း ဖြစ်ပွား ခဲ့တဲ့ တိုက်ခိုက်မှုတွေထဲမှာ အကြီးဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ ယူကရိန်းဘက်က တိုက်ခိုက်မှု အတွင်း အသက်(၆၅)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြားလူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ပြောခဲ့သည်။
သို့သော်သည်း ရုရှားစစ်သင်္ဘောများ ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်သည့်အချက်အလက်များကို ၎င်းက ထုတ်ဖော် ပြောခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသည့် ဗီဒီယိုဖိုင်တွင် ဆီဗာစတိုပိုလ် မြို့အတွင်း ကြီးမားသောပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးတောက်များနှင့် အနက်ရောင်မီးခိုးအများအပြား ထွက်နေ သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
ထို့အပြင် မြို့ဆီသို့ဦးတည်လာသော ဒုံးကျည်များကို ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ကြားဖြတ် ဟန့်တားနေသည်ကိုလည်း အဆိုပါဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ခဲ့ရသည်။ ဂြိုဟ်တုဓာတ်ပုံများတွင် ရုရှားသည် တိုက်ခိုက်မှုများဖြစ်ပွားနေသည့်အချိန်အတွင်း ၎င်း၏ သင်္ဘောများကို အရှေ့ဘက်ရှိ Novorossiysk ဆိပ်ကမ်းသို့ ရွှေ့ပြောင်းနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းအကျဉ်းသား(၇၀၀)ကျော်ကို လွှတ်ပေးရန် အစ္စရေးဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မီဒီယာများဖော်ပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ