ဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ရုရှားသံအမတ်ကြီးကို ပိုလန်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - မတ် ၂၅
ပိုလန်အစိုးရဟာ ရုရှားနိုင်ငံရဲ့ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ပတ်သက်ပြီး ပိုလန်နိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးကို ခေါ်ယူသတိပေးခဲ့ကြောင်း သိရပါတယ်။
ရုရှားနိုင်ငံက ဒုံးကျည်ပစ်လွှတ်ရာမှာ ပိုလန်နိုင်ငံပိုင်နက်တွေထဲကို ဖြတ်သန်းဝင်ရောက်သွားတဲ့အတွက် ပိုလန်နိုင်ငံ ရဲ့လေကြောင်းပိုင်နက်တွေကို ချိုးဖောက်တာမျိုးဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ထားပါတယ်။ ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဌာနက "နိုင်ငံ လေကြောင်းပိုင်နက်တွေကို ချိုးဖောက်ခဲ့တာနဲ့ပတ်သက်ပြီး ရုရှားသံအမတ်ကြီးကို ခေါ်ယူ တွေ့ဆုံခဲ့တယ်။ ရုရှားသံအမတ်ကြီးကို ရှင်းပြပေးဖို့ တောင်းဆိုခဲ့တယ်" လို့ ပြောပါတယ်။
ပိုလန်စစ်တပ်က ပိုလန်လေကြောင်းပိုင်နက်ထဲကို စက္ကန့် ၄ဝ ကျော်ကြာ ဖြတ်သန်းဝင်ရောက်ခဲ့ပြီး ယူကရိန်းနိုင်ငံ အနောက်ပိုင်းကို တိုက်ခိုက်ဖို့ ရည်ရွယ်တာမျိုးဖြစ်ကြောင်း ပြောပါတယ်။ ရုရှားအစိုးရဟာ ပိုလန်ပိုင်နက်အတွင်း ဒုံးကျည်ဖြတ်သန်းဝင်ရောက်ခဲ့တာနဲ့ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပြုပြောဆိုခဲ့တာမျိုးမရှိကြောင်း သိရပါ တယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားက ယူကရိန်းကို ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ရာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်တုန်းကလည်း ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားနိုင်ငံရဲ့ဒုံးကျည်တွေ ပိုလန်ပိုင်နက်အတွင်း ဖြတ်သန်းခဲ့ဖူးကြောင်း သိရပါတယ်။
ရုရှား နဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ ၂ နှစ်ကျော်ကြာလာပြီးနောက်ပိုင်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိဘဲ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ပိုလန် အပါအဝင် နေတိုးအုပ်စုဝင်နိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးနေဆဲဖြစ်ရာ နေတိုးနဲ့ ရုရှားအုပ်စုကြား တင်းမာမှုအရှိန်ပိုမို မြင့်တက်လာနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်မှုအတွင်း ရုရှားစစ်သင်္ဘောနှစ်စီးကို ဒုံးကျည်များ ထိမှန်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ