ပြင်သစ်က အိမ်ရှင်အဖြစ် ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက် ခြင်ကျားကင်းစင်ရေး ကြိုးပမ်းနေ
ရောင်နီ (NSS) - မတ် ၂၅
ပြင်သစ်နိုင်ငံဟာ ဥရောပမှာ ကြီးထွားလာနေတဲ့ ဗိုင်းရပ်စ်ပိုးသယ်ဆောင်တဲ့ ခြင်ကျားတွေကြောင့် ပဲရစ်မှာ ပြုလုပ်မယ့် အိုလံပစ်ပြိုင်ပွဲမှာ အားကစားသမားတွေနဲ့ ပရိသတ်တွေ မထိခိုက်စေဖို့အတွက် ခြင်ကျားကင်းစင်ရေး ကြိုးပမ်း မှုတွေ ပြုလုပ်နေပါတယ်။
အာရှခြင်ကျားဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုအတွင်း ပြင်သစ်အပါအဝင် ဥရောပမြောက်ပိုင်းရှိ နိုင်ငံတွေမှာ သွေးလွန်တုပ်ကွေး၊ chikungunya နဲ့ zika စတဲ့ ဗိုင်းရပ်စ်တွေကို ပျံ့နှံ့စေခဲ့ပါတယ်။ ယင်းကြောင့် ပြင်သစ်မှာလည်း ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ရှိတာကြောင့် ခြင်ကျားနဲ့ အင်းဆက်ပိုးမွှားတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေဟာ ပဲရစ်မြို့ရဲ့ ခြင်ပေါက်ဖွားရာနေရာတချို့ကို မီးရှို့ခြင်းနဲ့ အခြားစီစဉ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ခြင်ကျားကိုက်ခံရခြင်းဟာ အားကစားသမားတွေအတွက် ပွဲစဉ်ယှဉ်ပြိုင်မှုတွေမှာ အဟန့်အတား ဖြစ်စေနိုင်တယ် လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
၂ဝ၂၄ ခုနှစ်အတွက် အိုလံပစ် အားကစားပြိုင်ပွဲဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ကျင်းပမှာဖြစ်ပြီး ပွဲစတင်ဖို့ အချိန် လေးလသာ လိုတော့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကယ်လီဖိုးနီးယားနိုင်ငံမှာ တောင်ခြင်္သေ့တိုက်ခိုက်မှုကြောင့် လူသေဆုံးမှု ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ