ကယ်လီဖိုးနီးယားနိုင်ငံမှာ တောင်ခြင်္သေ့တိုက်ခိုက်မှုကြောင့် လူသေဆုံးမှု ဖြစ်ပွား
ရောင်နီ (NSS) - မတ် ၂၅
ကယ်လီဖိုးနီးယားနိုင်ငံ မြောက်ပိုင်းရှိ ဝေးလံခေါင်သီတဲ့ဒေသမှာ စနေနေ့(မတ်လ ၂၃ ရက်) က တောင်ခြင်္သေ့ တိုက်ခိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါ တယ်။
တောင်ခြင်္သေ့ဟာ ဂျော့ခ်ျတောင်းဧရိယာမှာ သမင်တွေကို အမဲလိုက်နေရင်း အသက် ၂၀ နှစ်ဝန်းကျင် ညီအစ်ကို ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ El Dorado ကောင်တီ ရဲအရာရှိရုံး က ဆိုပါတယ်။ တိုက်ခိုက်မှုမှာ အစ်ကိုဖြစ်သူဟာ ခြင်္သေ့အဆွဲခံခဲ့ရပြီး ညီဖြစ်သူကတော့ မျက်နှာမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပါတယ်။ အဲဒီနောက် ညီဖြစ်သူက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားပြီးနောက် ဆေးရုံမှာ ကုသမှုခံခဲ့ရပြီး ပျောက်ဆုံးအစ်ကိုကိုတော့ တာဝန်ရှိသူ တွေက စနေနေ့ မွန်းလွဲ ၁ နာရီ ၄၆ မိနစ်ခန့်က မြေပြင်ပေါ်ဝပ်တွားနေတဲ့ တောင်ခြင်္သေ့ရဲ့ဘေးရှိ မြေပြင်ပေါ်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အစ်ကိုဖြစ်သူကတော့ နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကယ်လီဖိုးနီးယား ငါးနဲ့ တောရိုင်းတိရစ္ဆာန်ဌာနက ဒီတိုက်ခိုက်မှု ဘယ်လိုကြောင့် ဖြစ်ပွားရခြင်းဖြစ်တယ်ဆိုတာ သိရဖို့ ကြိုးပမ်းနေပါတယ်။ တောင်ခြင်္သေ့တွေက လူသားတွေကို တိုက်ခိုက်တာ ရှားပြီး ဒါဟာ ကယ်လီဖိုးနီးယားမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး လူသေဆုံးရတဲ့ တောင်ခြင်္သေ့ တိုက်ခိုက်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MAI လေကြောင်းလိုင်းသို့ ATR လေယာဥ်တစ်စီးထပ်မံရောက်ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း