မုတ်ဆိတ်မွေး၊ လည်ပင်းနှင့်သွားတို့ဖြင့် အလေးဆုံးယာဉ်များကို ဆွဲပြကာ ဂင်းနစ်စံချိန် သုံးခု ချိုးဖျက်ခဲ့သည့် ယူကရိန်းနိုင်ငံသား
Pika (NSS) - မတ် ၂၅
ဒီမစ်ထရိုရန်စကီအမည်ရှိ သန်မာသောယူကရိန်းနိုင်ငံသားတစ်ဦးသည် ၎င်း၏မုတ်ဆိတ်၊ လည်ပင်း နှင့်သွားတို့၏ လုပ်နိုင်စွမ်းများကို စမ်းသပ်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သုံးခုကို ချိုးဖျက်ခဲ့ကြောင်းသိရသည်။ ဒီမစ် ထရိုရန်စကီသည် ၎င်း၏မုတ်ဆိတ်ဖြင့် မီနီဘတ်စကားတစ်စီးကိုဆွဲခြင်း စတင်လုပ်ဆောင်ကာ တစ်ရက်အ တွင်းတွင် ဂင်းနစ်စံချိန် (၃) ခုချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒီမစ်ထရိုရန်စကီသည် မုတ်ဆိတ်ဖြင့် ယာဉ်တစ်စီးကို ဆွဲသည့် စံချိန်ကို ၂၀၁၉ခုနှစ်တွင် ကြိုးပမ်းခဲ့သော်လည်း ၎င်း၏မုတ်ဆိတ်မွေးများသည် မေးစေ့မှကျွတ်ထွက်ခဲ့ခြင်းကြောင့် အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။
ဒီမစ်ထရိုရန်စကီက ၎င်းသည် အဆိုပါစံချိန်ကို ဒုတိယအကြိမ်မြောက်ကြိုးပမ်းရန်အတွက် မုတ်ဆိတ်မွေများကို ပိုရှည်အောင်ထားခဲ့ပြီး ကျွတ်ထွက်ခြင်းမျိုး မဖြစ်စေရန်အတွက် အမျိုးမျိုးသောကျစ်နည်းများကို စမ်းသပ်ခဲ့ ကြောင်း ပြောကြားခဲ့သည်။ ဒီမစ်ထရိုရန်စကီသည် ၎င်း၏မုတ်ဆိတ်မွေးကိုအသုံးပြုကာ အလေးချိန် (၅၆၈၇) ပေါင်ရှိသော မီနီဘတ်စကားတစ်စီးကို အောင်မြင်စွာ ဆွဲပြနိုင်ခဲ့ပြီးနောက် ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အလေးချိန် (၄၃၀၃)ပေါင်ရှိသော မီနီဘတ်စကားတစ်စီးကို မုတ်ဆိတ်ဖြင့် ဆွဲပြခဲ့သည့် ယခင် စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ၎င်း၏ ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှု တစ်ခုမှာ ထရပ်ကားတစ်စီးကို လည်ပင်းအသုံးပြုကာ ဆွဲပြခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ဒီမစ်ထရိုရန်စကီ သည် လည်ပင်းအသုံးပြုကာ အလေးဆုံးရထားတစ်စီးကို ဆွဲပြခြင်းဖြင့် ယခင်က ဂင်းနစ်စံချိန်တင်ခဲ့ဖူး ကြောင်းသိရသည်။ ထို့နောက် ၎င်းသည် အလေးချိန် (၁၇၁၀၇)ပေါင်ရှိသော ထရပ်ကားကို အကွာအဝေး (၁၆ ဒသမ ၄) ပေအထိ လည်ပင်းဖြင့်ဆွဲပြကာ ပထမဆုံး ဂင်းနစ်စံချိန်အဖြစ် စံချိန်တင် နိုင်ခဲ့ကြောင်းသိရသည်။ ၎င်း၏နောက်ဆုံးကြိုးပမ်းမှုတစ်ခုမှာ ကားအများစုကို သွား အသုံးပြုကာဆွဲပြခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကားများအားလုံးကို စက်ရပ်ထားပြီး မျဉ်းဖြောင့်အတိုင်းသွားစေရန်အတွက် ကားတစ်စီးစီတွင် ယာဉ်မောင်း တစ်ဦးစီ ပါဝင်ကြောင်းလည်း သိရသည်။ ဒီမစ်ထရိုရန်စကီ သည် ယာဉ်မောင်းများ အပါအဝင် စုစုပေါင်း အလေးချိန် (၁၉၃၆၅) ပေါင်ရှိသော ယာဉ်များကို လိုအပ်သော အကွာအဝေးအထိ သွားများကို အသုံးပြုကာ ဆွဲပြခဲ့ပြီးနောက် နောက်ထပ်ဂင်းနစ်စံချိန်တစ်ခု ထပ်မံချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းက “ဒီဂင်းနစ်စံချိန် မှတ်တမ်းတွေကို ကျွန်တော့်ရဲ့နိုင်ငံနဲ့စစ်သားတွေအတွက် ရည်မှန်းပြီး လုပ်ဆောင်ခဲ့တာပါ ” ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ပွဲဝင်အဆင့် မောင်းသူမဲ့စစ်လေယာဉ်အသုံးပြုခြင်းနဲ့ သာမန်အရပ်ဘက်မောင်းသူမဲ့လေယာဉ်တွေကို ပြည်တွင်းစစ်ပွဲများအတွက် အသုံးပြုခြင်းရဲ့ အကျိုး/အပြစ် (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ