Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တိုက်ပွဲဝင်အဆင့် မောင်းသူမဲ့စစ်လေယာဉ်အသုံးပြုခြင်းနဲ့ သာမန်အရပ်ဘက်မောင်းသူမဲ့လေယာဉ်တွေကို ပြည်တွင်းစစ်ပွဲများအတွက် အသုံးပြုခြင်းရဲ့ အကျိုး/အပြစ် (ဘာသာပြန်ဆောင်းပါး)

လင်းမြတ် (NSS) - မတ် ၂၅

တိုက်ပွဲဝင်အဆင့်မောင်းသူမဲ့ လေယာဉ် (သို့) စစ်သုံးမောင်းသူမဲ့လေယာဉ် Unmanned Combat Aerial Vehicles (UCAV) or Milit­ary Drones တွေဟာ ခေတ်မီတပ်မတော်တွေအတွက် တာဝန်အတော်များများကို အစားထိုး ထမ်းဆောင်နိုင်လောက်အောင် အသုံးဝင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်တွေကတော့-


၁။ ပစ်မှတ်နှင့်တည်ချက်ပေးနိုင်ခြင်း (Target and decoy)

ပစ်မှတ်တိကျတဲ့ ပဲ့ထိန်းဒုံးပျံတွေ ဒုံးလက်နက်တွေအတွက် မြေပစ်မှတ်တိကျစေခြင်းနှင့် မြေပြင်တပ်များ ဝေဟင်ရန်ကိုရှောင်နိုင်ရန် ရန်သူ့လေယာဉ်အဖြစ်သော်လည်ကောင်း၊ ရန်သူအထင်မှားစေရန် တည်ချက်အဖြစ်သော်လည်းကောင်း တိုက်ပွဲဝင် အသင့်လေ့ကျင့်နိုင်ရန် အသုံးပြုနိုင်ခြင်း။


၂။ ထောက်လှမ်းခြင်း/ကင်းထောက်ခြင်း (Reconnaissance)

တိုက်ပွဲအတွက်ရန်သူ့ အခြေအနေနှင့်ပတ်ဝန်းကျင်ကိုထောက်လှမ်းခြင်း ၊ အနီး/အဝေးကင်းထောက်ခြင်း။


၃။ ထောက်ပံ့မှုများ ပေးပို့နိုင်ခြင်း (Logistics)

လူလိုက်ပါဖို့ မဖြစ်နိုင် မသင့်တော်သော နေရာများသို့ အရေးပေါ်ထောက်ပံ့မှုများပေးပို့နိုင်ခြင်း။


၄။ တိုက်ပွဲသုံး (Logistics)

မကျွမ်းကျင်တဲ့စစ်မြေပြင်၊ အထိအခိုက်အကျအဆုံးများနိုင်တဲ့နေရာတွေအတွက် အမြင့်ဆုံး ပစ်ခတ် တိုက်ခိုက်မှု တာဝန်ထမ်းဆောင်ခြင်း။

သို့သော်လည်း ယနေ့နိုင်ငံတကာစာမျက်နှာမှာ စစ်ဘက်အဆင့် မောင်းသူမဲ့လေယာဉ် အသုံးပြုမှုကို ပြင်း ထန်စွာ တိုက်ခိုက်ဝေဖန်ရှုတ်ချနေကြဆဲ ဖြစ်သလို တရားလက်လွတ်မှုနဲ့ လူသားဆန်မှုကျင့်ဝတ်ဆိုင်ရာ ချို့တဲ့ ကင်းမဲ့ အားနည်းမှုတွေကလည်း လက်ရှိကမ္ဘာနဲ့အဝန်း စစ်ဘက်မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုရဲ့ဘေးထွက် ဆိုးကျိုးအများစုက သက်သေပြသလျက်ရှိပါတယ်။ 

အထင်ရှားဆုံး ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုတပ်မတော်ဟာ မိမိနိုင်ငံတွင်းမဟုတ်တဲ့ ပြည်ပ နိုင်ငံတွေရဲ့ စစ်ဆင်ရေးတွေမှာ စစ်ဘက်သုံး မောင်းသူမဲ့လေယာဉ်အသုံးပြုမှု နှစ်စဉ်နဲ့အမျှ အကြိမ်ရေများစွာ တိုးမြှင့်အသုံးပြုမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီအတွက်အကျိုးရလဒ်ကောင်းတွေရရှိသလိုတစ်ဖက်မှာလည်း အရပ်ဘက်လူသားနဲ့ လူသားအကျိုးပြုအဆောက်အအုံတွေ ထိခိုက်နစ်နာမှုကလည်း တိုးပွားများပြားလာတဲ့ အတွက် နိုင်ငံတကာ ရဲ့စိုးရိမ်မှုရေချိန်ဟာလည်း အစဉ်မြင့်တက်လျက် ရှိပါတယ်။

တိုက်ပွဲဝင်အဆင့် မောင်းသူမဲ့စစ်လေယာဉ်

ကိုင်တွယ်သုံးစွဲမှု၏ အားသာချက်များ

- ထုတ်လုပ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုစရိတ် သာမန်စစ်လေယာဉ်များထက် များစွာသက်သာခြင်း။

- မိမိစစ်သားများ၏အသက်များကို မုချရင်းနှီးရမည့် ဗျူဟာမြောက်တိုက်ပွဲများအတွက် အစားထိုးအသုံး ပြုနိုင်ခြင်း။

- အကြမ်းဖက်များနှင့်ရန်သူများ၏ လေ့ကျင့်မှု၊ တည်ရှိမှု၊ ကြံစည်လှုပ်ရှားမှုများကို ဝေဟင်မှ ဖိအားပေး ဟန့် တားနိုင်ခြင်း။

- အကြမ်းဖက်အဖွဲ့အစည်းခေါင်းဆောင်များကို သုတ်သင်ခြင်းနှင့်ရန်သူ့ဆက်စပ်မဟာဗျူဟာမြောက် လက် နက်အဆောက်အအုံများကို ဖျက်ဆီးခြင်း။

- လူရောက်ရန်အခက်ခဲရှိနိုင်သည့် ဝေးလံသော အကြမ်းဖက်နေရာများသို့ အချိန်တိုအတွင်း သွားရောက် တိုက် ခိုက် ထောက်လှမ်းနိုင်ခြင်းနှင့် လူကြောင့် မှားနိုင်သောအမှားများကိုလျှော့ချ၍ တာဝန် အစားထိုးနိုင်ခြင်း။

-စစ်ဘက်သုံးမောင်းသူမဲ့လေယာဉ်ဖြင့် အခြားသောနည်းပညာစမ်းသပ်မှုများ လုပ်ဆောင်နိုင်ခြင်းမှသည် စစ် ဘက်၊ အရပ်ဘက်နှင့် စီးပွားရေးသုံးအထိ ဆက်စပ်နည်းပညာမျိုးစုံကို သုတေသနလုပ်နိုင်ခြင်း။

တိုက်ပွဲဝင်အဆင့် မောင်းသူမဲ့ စစ်လေယာဉ် ကိုင်တွယ်သုံးစွဲမှု၏ ဘေးထွက်ဆိုးကျိုးများ

ဂြိုဟ်တုသုံးတည်နေရာစနစ်၊ ပဲ့ထိန်းစနစ်၊ လေဆာစနစ် နည်းပညာများ ပေါင်းစပ်အသုံးပြုသည် ဆိုသော် လည်း

- ရန်သူ့မဟာဗျူဟာမြောက်နေရာများသည် လျှို့ဝှက်သည့်အတွက် မြေပြင်ထောက်လှမ်းရေးသတင်းမှား နိုင်ခြင်း၊ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှု တန်ပြန်ဟန့်တားမှုစနစ်များကို မတွန်းလှန်နိုင်ခြင်း၊ မိမိနိုင်ငံ ပိုင်နက်မဟုတ်သောကြောင့် နယ်မြေကျွမ်းကျင်မှုအားနည်းခြင်းများကြောင့် အမှန်တကယ်ပစ်မှတ်ကို ထိ၊ မထိ မသေချာသလို ရန်သူနှင့်အရပ်သားသေဆုံးမှုကိုလည်း ခွဲခြားစစ်တမ်းထုတ်ရန်အခက်အခဲများစွာ ရှိနိုင် ခြင်း။

- အပြစ်မဲ့ လူအသက်များ သေကြေဆုံးရှုံးမှုနှင့် လူမှုအဆောက်အအုံ၊ လမ်း၊ တံတား၊ ဆေးရုံ၊ ကျောင်း၊ ဘုရား ရှိခိုးကျောင်းများထိခိုက်နစ်နာဆုံးရှုံးမှုများခြင်း။

- အဆင့်မြင့်နည်းပညာများသုံးသည့်တိုင် တိုက်ခိုက်မှုများ၏ ၈၀%-၉၀% သည် ရန်သူ့ပစ်မှတ်ထက် အပြစ်မဲ့ အရပ်သား ပစ်မှတ်များသာဖြစ်နေသည့်အတွက် မောင်းသူမဲ့စစ်လေယာဉ်များ၏ ပစ်မှတ်ဆုံးဖြတ်မှုကို ယနေ့ အထိ အငြင်းပွားဖွယ်များနှင့် ပြည့်နှက်နေစေခြင်း။

-အကြမ်းဖက်သမားများကို လျှို့ဝှက်နှိမ်နင်းရာတွင်သွားရောက်တိုက်ခိုက်သည့်နိုင်ငံ၏ မြေပြင်လုံခြုံရေး တပ် ဖွဲ့များနှင့် ဝေဟင်ကင်းထောက်ခြင်းလုပ်ငန်းတာဝန်များကို မတည်ငြိမ်စေခြင်းနှင့် အနှောင့်အယှက် ဖြစ်စေ ခြင်း။

-နိုင်ငံတကာဥပဒေများနှင့် လူသားခြင်းဆိုင်ရာ ဥပဒေများစွာကို နည်းမျိုးစုံဖြင့်ချိုးဖောက်ရာရောက်ခြင်း။ 

-သက်ဆိုင်ရာပိုင်နက်နိုင်ငံ၏ အချုပ်အခြာအာဏာကို မလေးမစားပြုခြင်း၊ ထိပါးစော်ကားရာရောက်ခြင်း။ နိုင်ငံချင်း ဆက်ဆံရေးထိခိုက်သည်အထိ သက်ရောက်စေခြင်း။

-ဒီမိုကရေစီစံများနှင့်ညီသော ဥပဒေများကို မထီမဲ့မြင်ပြုခြင်း၊ အကြမ်းဖက်အမြစ်ဖြတ်ခြင်း ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ လူသားအခွင့်အရေးများကို ချိုးဖောက်ခြင်း။ 

အစရှိတဲ့ဘေးထွက်ဆိုးကျိုးကြောင့် အမေရိကန် မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတွေနဲ့ ပကတိ နောက် ကွယ်ကအဖြစ်မှန်နဲ့ သတင်းကွာခြားမှုတွေက အမေရိကန်စစ်တပ်ကို နိုင်ငံတကာစာမျက်နှာမှာ အောင်မြင် ချီးကျူးမှုတွေထက် အရှက်ရ မေးခွန်းထုတ်စရာအပြည့် ဖြစ်နေဆဲဖြစ်ပါတယ်။ မြေပြင် ခြေကျင်တိုက်ခိုက်မှုနဲ့ လူမောင်းစစ်လေယာဉ်နဲ့ တိုက်ခိုက်မှုတွေမှာ လူသားပါဝင်မှုတွေရှိတဲ့အတွက် လူသားဆန်တဲ့ ခံစားချက်တွေ၊ စာနာမှုတွေ၊ မတူညီတဲ့ ဓလေ့အယူအဆအပေါ် နားလည်နိုင်စွမ်းတွေက ရန်သူပင်ဖြစ်လင့်ကစား ဘေးထွက် ဆိုးကျိုးများစွာကို လူသားဆန်မှုအခြေပြုလို့လျှော့ချနိုင်ပါတယ်။ အမေရိကန်စစ်တပ်မှာ မောင်းသူမဲ့ လေ ယာဉ်မောင်းသူ လေယာဉ်မှူးဟာအနီးဆုံး အခြေစိုက်လေတပ်စခန်းတစ်ခုရဲ့ အဲကွန်းခန်းထဲမှာ ဂိမ်းကစားသူ တစ်ဦးနှင့်မခြား ကိုယ့်နိုင်ငံမဟုတ်မရင်းနှီး မိုင်ရာချီဝေးတဲ့ မြေပြင်နဲ့ ဝေဟင်ပစ်မှတ်တွေကို ထောက်လှမ်းရေး သတင်းပေးချက် မှန်းဆတွက်ချက်ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ အပြစ်မဲ့အရပ်သား ရာထောင်ချီ ထိခိုက် သေဆုံးခြင်း၊ ဆေးရုံတွေ၊ ကျောင်းတွေ ထိခိုက်ပျက်စီး ခြင်း၊ ရွာလုံးကျွတ် ပြာကျသွားရခြင်းတွေရှိခဲ့ပါတယ်။ 


မြေပြင်ပကတိသတင်းတွေအရ ပြန်သိရလို့ တုန်လှုပ်ချောက်ချား စိတ်ပိုင်းကျဆင်းသွားတဲ့ မောင်းသူမဲ့ စစ်လေယာဉ်တွေ မြေပြင်ခြေကျင်စစ်သားအဖြစ်နဲ့ အရပ်ဘက်ပစ်မှတ်တွေကို မှားသတင်းပို့မိလို့ ကိုယ့်ကိုယ် ကိုယ် လူအစုလိုက်အပြုံလိုက်သတ်မိတဲ့ ပရောဂမကင်းသူအဖြစ်စိတ်ဝေဒနာခံစား၊ တပ်ကထွက် ယူကျုံးမရ ဖြစ်တဲ့စစ်သားတွေ အမေရိကန် စစ်တပ်မှာ ရာနဲ့ချီပြီးရှိတယ်လို့ သိရပါတယ်။ စိတ်ရောဂါကုစားနေရသူတွေ၊ လူ့ပတ်ဝန်းကျင်အပြင်ဘက်ကို တိတ်တဆိတ် စိတ်ဒဏ်ရာနဲ့ ထွက်သွား သူတွေလည်းများစွာရှိပါတယ်။ (ဥပမာအားဖြင့် - သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် ၂၀၂၀ ပြည့်နှစ်က  MQ-9 Reaper (UCAV) နဲ့ အီရန် ဗိုလ်ချုပ်ကြီး အိုစမန်ဆိုလာမနီကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ (၁၇)ရက်နေ့ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက် အမေရိကန်စစ်တပ် ပြန်ရုပ်သိမ်းစဉ် ဗုံးခွဲတိုက်ခိုက်ခံရမှုအပြီး အာဖဂန်နစ္စတန်နိုင်ငံကဘူလ်းမှာ အိုင်းစစ် အသေခံဗုံးခွဲသမားတွေကို သုတ်သင်နိုင် ခဲ့ကြောင်း ကြေညာခဲ့ပြီး များမကြာမီမှာပဲ သတင်းမှန်က MQ-9 Reaper (UCAV) ကောင်းကင်ကနေပစ်ခဲ့တာ အရပ်သားလူနေအိမ်ဖြစ်ပြီး အပြစ်မဲ့ကလေး (၇) ယောက်အပါအဝင် (၁၀)ယောက်ထက်မနည်း သေကြေခဲ့ တယ်လို့ အမေရိကန်ထောက်လှမ်းရေးတွေက အတည်ပြုခဲ့ပေမယ့်လည်း သမ္မတဂျိုးဘိုင်ဒန်နဲ့ တာဝန်ရှိသူ တွေ နှုတ်ဆိတ်နေခဲ့ ကြပါတယ်။

သာမန်အရပ်ဘက်မောင်းသူမဲ့လေယာဉ်ကို ပြည်တွင်းစစ်ပွဲတွေအတွက် အသုံးပြုတာက အထက်ပါ ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံကြီးရဲ့ နည်းပညာမြင့်စစ်ဘက်သုံးမောင်းသူမဲ့ လေယာဉ်တွေရဲ့ဘေးထွက် ဆိုးကျိုးတောင် ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိရှိတယ်လို့ လေ့လာခဲ့ပြီးတဲ့နောက်မှာ သာမန် အရပ်ဘက် မောင်းသူမဲ့လေယာဉ် Civilian Drones တွေလို သာမန် အတက်၊ အဆင်း၊ ရှေ့သွား၊ နောက်ဆုတ်၊ သာမန်အဆင့်မြင်ကွင်းမှာ သာမန်လေတိုက်နှုန်းတောင် အံတုဖို့ခက်တဲ့ အလေးချိန်ရှိတဲ့ဗုံးသီးကို  ပြည်တွင်း စစ်ပွဲ ပဋိပက္ခတွေမှာချိတ်ဆွဲသွားရောက်ပစ်ချခဲ့ကြမှုတွေ၊ ပစ်မှတ်ထိရောက်မှုထက် အပြစ်မဲ့အရပ်သား ထိ ခိုက်မှုများစွာရှိကြောင်းကို မိမိတို့မညာစတမ်း လက်ခံရမယ့် အရှိတရားတွေသာ ဖြစ်ပါတယ်။ 

ဒီလိုပဲ ပြစ်မှတ်တိကျကြောင်း အရှက်သိက္ခာမဲ့စွာ သတင်းတင်ရေးမှုတွေနဲ့ မရှေးမနှောင်းတိုင်းမှာ မြေ ပြင်ပကတိ ထိခိုက်မှုသတင်းမှန်ရရှိတာကိုယှဉ်ထိုးပါက ဝမ်းနည်းကြေကွဲစရာ နိုင်ငံသားချင်းလူမဆန်မှုများ စွာနဲ့ နှလုံးသားမဲ့လူသတ်ပွဲတွေကို ဦးနှောက်မဲ့စွာကျူးလွန်နေကြတာကို ရင်နာစွာလေ့လာသိရှိ ဆင်ခြင်မိ ကြမှာ ဖြစ်ပါတယ်။

လူသားဆန်ဆန်စာနာမှုအပြည့်နဲ့ လူသားဆန်တဲ့ပဋိပက္ခဖြေရှင်းနည်းတွေကိုသာ ရွေးချယ်အသုံးပြုခြင်း ဖြင့် မိမိတို့လူ့ပတ်ဝန်းကျင်ကို မကူညီ မတည်ဆောက်ပေးနိုင်ကြသေးရင်တောင် မဖျက်ဆီးသွေးမစွန်းစေဖို့၊ ရင်နင့်ဖွယ်ဆုံးရှုံးမှုတွေကနေ ရှောင်ရှားနိုင်ကြစေဖို့ရည်ရွယ်ချက်နဲ့ လေ့လာမှတ်သားစုစည်းတင်ပြလိုက်ရ ခြင်းဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းရေးကိစ္စကို အာရုံစိုက်ဖြေရှင်းရမည့် အင်ဒိုနီးရှားအစိုးရသစ် (ဘာသာပြန်ဆောင်းပါး)

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved