တရုတ်နိုင်ငံက ဖိလစ်ပိုင်ကို တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး သတိပေး
ဂျန်ဇက် (NSS) - မတ် ၂၄
တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်တက်လာနေရာ တရုတ်စစ်သင်္ဘောတွေဟာ မတ်လ ၂၃ ရက်က ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေကို မီးသတ်ပိုက်တွေနဲ့ထိုးပြီး တားဆီးတာတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် တရုတ်အစိုးရကတော့ ဖိလစ်ပိုင်အစိုးရရဲ့စွပ်စွဲချက်တွေကို ငြင်းဆန်ပယ်ချထားပြီး ရန်စမှုတွေကို ရပ်တန့်ဖို့ ဖိလစ်ပိုင်နိုင်ငံကို တိုက်တွန်းတောင်းဆိုထားပါတယ်။ တရုတ်အစိုးရက ဖိလစ်ပိုင်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်းရှိ Ren'ai Jiao ကျွန်းအနီးက တရုတ်ရေပိုင်နက်အတွင်းမှာ ရန်စတဲ့ လုပ်ရပ်တွေ ရပ်တန့်စေလိုကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဝူကွင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က တရုတ်စစ်သင်္ဘောတွေဟာ တရုတ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းလာတဲ့ ဖိလစ်ပိုင်စစ်သင်္ဘောတွေကို တားဆီးဟန့်တားတာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ ရေပိုင်နက်တွေနဲ့ပတ်သက်ပြီး အငြင်းပွားနေပြီး ၂၀၁၆ ခုနှစ်က နိုင်ငံတကာခုံရုံးမှာ အပြန်အလှန်တရားစွဲခဲ့ရာ ခုံရုံးက ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးခဲ့ပါတယ်။ တရုတ်အစိုးရ ဟာ ခုံရုံးရဲ့ဆုံးဖြတ်ချက်တွေကို ငြင်းဆန်ပယ်ချထားပြီး တောင်တရုတ်ပင်လယ်အတွင်းရှိ နေရာအများစုကို ၎င်းတို့ ပိုင်ဆိုင်ထားကြောင်း ပြောဆိုထားပါတယ်။
တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ပိုင်နက် နယ်မြေအငြင်းပွားနေပြီး ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ဖိလစ်ပိုင် နဲ့ ထိပ်တိုက်တွေ့ဆုံမှု ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါ တယ်။ ဖိလစ်ပိုင်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်အတွင်းမှာ ၎င်းတို့ ပိုင်နက်နယ်မြေတွေရှိနေတဲ့အတွက် နိုင်ငံအချုပ်အခြာအာဏာကို ထိခိုက်ခံမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခုတ်လှဲနေသည့်အုန်းပင် နေအိမ်ပေါ်သို့မတော်တဆလဲကျကာ ဆယ်ကျော်သက်အမျိုးသမီးတစ်ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ