အိန္ဒိယ နယူးဒေလီပြည်နယ် ဝန်ကြီးချုပ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပြည်သူတွေ ဆန္ဒပြတောင်းဆို
ဂျန်ဇက် (NSS) - မတ် ၂၄
အိန္ဒိယနိုင်ငံမှာ လာမယ့်လအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ဆန္ဒပြပွဲတွေ ဖြစ်ပွားလျက်ရှိနေကြောင်း အိန္ဒိယအခြေစိုက်မီဒီယာတွေက ဖော်ပြထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရမ်ဒရာမိုဒီရဲ့အဓိကပြိုင်ဘက်တစ်ဦးဖြစ်သူ ဖမ်းဆီးခံရပြီးနောက် မြို့တော် နယူးဒေလီမှာ ဆန္ဒပြပွဲတွေ မတ်လ ၂၃ ရက်က စတင်ဖြစ်ပွားခဲ့ပြီး မတ်လ ၂၄ ရက်မှာလည်း ဆန္ဒပြနေဆဲဖြစ်ကြောင်း သိရပါတယ်။ ဆန္ဒပြသူအုပ်စုများက Arvind Kejriwal ဆိုသူကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြနေ ကြောင်း သိရပါတယ်။
Arvind Kejriwal ဆိုသူဟာ နယူးဒေလီပြည်နယ်ရဲ့ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယရဲတပ်ဖွဲ့က နယူးဒေလီပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေဟာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း အရက်ဘီယာကုမ္ပဏီတွေထံကနေ အမေရိကန်ဒေါ်လာ ၁၂ သန်းလာဘ်ငွေတွေ ရယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
၎င်းရဲ့ပါတီကတော့ အိန္ဒိယရဲတပ်ဖွဲ့ရဲ့စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ Arvind Kejriwal ဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရပေမယ့် ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီး တရားရုံးအမိန့်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း သွားမယ်လို့ ၎င်းနဲ့နီးစပ်သူများက ပြောပါတယ်။ အိန္ဒိယဆန္ဒပြသူတွေက ဝန်ကြီးချုပ်မိုဒီကို အာဏာရှင်လို့ စွပ်စွဲ ဝေဖန်ဆန္ဒပြခဲ့ပြီး အာဏာရှင်ကို သည်းခံခွင့်လွှတ်နေမှာ မဟုတ်ကြောင်း ပြောပါတယ်။ အိန္ဒိယဝန်ကြီးချုပ်မီုဒီဟာ ရွေးကောက်ပွဲမတိုင်ခင် အတိုက်ခံအုပ်စုတွေကို ဖိနှိပ်နိုင်ဖို့ ရဲတပ်ဖွဲ့ကို အသုံးချနေကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက ဖိလစ်ပိုင်ကို တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ