မော်စကိုမြို့မှာဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်သူအားလုံးကို အပြစ်ပေးသွားမှာ ဖြစ်ကြောင်း ရုရှားသမ္မတပူတင်ပြော
ဂျန်ဇက် (NSS) - မတ် ၂၄
ရုရှားသမ္မတပူတင်က မော်စကိုမြို့မှာဖြစ်ပွားခဲ့တဲ့ ဂီတပွဲတော်ကျင်းပတဲ့ခန်းမ အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ပါဝင် ပတ်သက်သူအားလုံးကို အပြစ်ပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မတ်လ ၂၃ ရက်က မော်စကိုမြို့ရှိ Crocus City Hall ခန်းမမှာ သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၃၃ ဦးအထိ မြင့်တက်လာခဲ့ပြီး အနည်းဆုံးလူပေါင်း ၁၂ဝ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောဆို ထားပါတယ်။
ရုရှားသမ္မတပူတင်ဟာ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မတ်လ ၂၄ ရက်ကို နိုင်ငံတော် ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ရုရှားသမ္မတက ရုရှားနိုင်ငံအတွင်း ထပ်မံပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေမဖြစ်ပွားအောင် တားဆီးနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ကြောင်း ပြောပါတယ်။
ရုရှားသမ္မတပူတင်က အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပစ်ခတ်မှုတွေ အပါအဝင် ကျူးလွန်ခဲ့သူ လေးဦး နဲ့ သံသယရှိ သူ စုစုပေါင်း အနည်းဆုံး ၁၁ ဦးကို ဖမ်းဆီးထားကြောင်း၊ အဲဒီတိုက်ခိုက်သူတွေဟာ ယူကရိန်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးဖို့ ကြိုးပမ်းချိန်မှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။
သမ္မတပူတင်က "အဲဒီမော်စကိုမြို့ ဂီတပွဲတော်ကျင်းပရာ ခန်းမအတွင်းဖြစ်ပွားခဲ့တဲ့ လူပေါင်းရာချီ သေဆုံးစေတဲ့ တိုက်ခိုက်မှုအားလုံးကို ကျူးလွန်ခဲ့သူတွေ နဲ့ နောက်ကွယ်က ကြိုးကိုင်ခိုင်းစေခဲ့သူအားလုံးကို အပြစ်ပေးသွား မှာဖြစ်ပါတယ်။ အဲဒီသူတွေ ခိုင်းစေညွှန်ကြားခဲ့သူတွေ ဘယ်သူတွေဖြစ်ဖြစ်၊ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ လုပ်ဆောင်မယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ကွယ်ကလူအားလုံးကို ဖော်ထုတ်သွားမှာဖြစ်ပြီး အရေးယူ ဆောင်ရွက်သွားမယ်" လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း ဂီတပွဲတော်ကျင်းပနေတဲ့ခန်းမအတွင်းမှာ အနည်းဆုံးလူပေါင်း ၇၅၀၀ ကျော်ရှိနေ ကြောင်း သိရပါတယ်။ သေနတ်သမားတွေဟာ တိုက်ခိုက်ရေးသုံးရိုင်ဖယ်တွေကို အသုံးပြုခဲ့ပြီး ဝင်ပေါက်ကို ချိုးဖျက်ဝင်ရောက်ကာ ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းမျိုးဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှ တက္ကသိုလ်ကျောင်းသားများအတွက် assignments ရေးသားရာမှာ အထောက်အကူဖြစ်စေဖို့ စည်းကမ်းတကျ AI အသုံးပြုခွင့်ပေးထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ