NLD ပါတီအတွင်းရေးမှူး ဦးဟံသာမြင့် မြန်မာပြည်မှထွက်ပြေးသွားပြီဟု ပါတီဝင်များအကြား သတင်းထွက်နေ
Iris (NSS) - မတ် ၂၃
NUG မှ နေဘုန်းလတ်၏ ယောက္ခထီးဖြစ်သူ NLD ပါတီအတွင်းရေးမှူး ဦးဟံသာမြင့်က မြန်မာနိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင်ကာ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပါတီဝင်များ အကြား သတင်းများထွက်ပေါ်နေသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ (၂၇)ရက်တွင် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ စည်းကမ်းချက်ဖြင့် ရန်ကုန် အင်းစိန်အကျဉ်းထောင်မှတစ်ဆင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သော ဦးဟံသာမြင့်အနေဖြင့် လွတ်ငြိမ်းရရှိပြီး နောက် (၂) နှစ်ကျော် အကြာတွင် ယခုကဲ့သို့ ရုတ်တရက် ထွက်ပြေးသွားခြင်းမျိုး ဖြစ်ကြောင်းလည်း ဆိုနိုင်သည်။ “ ဦးဟံသာမြင့် ထွက်ပြေးသွားပြီဆိုတဲ့ သတင်းက NLD အသိုင်းအဝိုင်း ထဲမှာတော့ တော်တော်များများ ပြောနေကြတယ်။ ထွက်ပြေးတယ်လို့ ကြားတယ်၊ ဟုတ်သလားပေါ့။ တကယ်လည်း ထွက်ပြေးသွားပုံရတယ်။ မဲဆောက်ထဲမှာ ကိုယ်တိုင်မြင်ခဲ့သူတွေ ရှိတယ်လို့ သိရတယ်။ နစကဘက်က ထောက်လှမ်းရေးတွေက သိ လိုက်ပုံတောင် မရဘူး ” ဟု မဲဆောက်အခြေစိုက် NLD သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းမည့် သဘော ထားမျိုးဖြင့် ပြည်တွင်း၌ နေထိုင်ကျန်ရစ်ခဲ့ကြသော NLD ပါတီ ဝင်များကြားတွင်လည်း ဦးဟံသာမြင့်သတင်းက စတင်ပျံ့နှံ့လျက်ရှိနေပြီး အံ့အားသင့်စရာအဖြစ် ရှုမြင်နေကြကြောင်းလည်း ပြန်လည်ကြားသိရသည်။ ဦးဟံသာမြင့်နှင့်အတူ အခြားသော ပါတီဝင်အချို့လည်း ပါဝင်ထွက် ပြေးသွားခဲ့ကြသည်ဟု သတင်းများထွက်ပေါ်နေပြီး အချို့သောသတင်းများတွင် ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်လည်း ပါဝင်သွားသည်ဟု လည်းကောင်း၊ ဂျော့စ်ဆိုးရော့စ်ထံမှ ထောက်ပံ့ငွေများ ရယူ၍ Myanmar Development Institute (MDI)ကို ဦးဆောင်ထူထောင်ခဲ့သူ ဦးမျိုးမြင့်လည်း ပါဝင်သွားခဲ့သည်ဟူ၍လည်းကောင်း ပါတီဝင်များကြားတွင် ပြောဆိုနေကြသည်။
သို့သော်လည်း ဦးမျိုးမြင့်ကို ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း မြင်တွေ့ခဲ့သူများရှိ သည်ဟုဆိုသည်။ “ နစကဘက်က လွတ်ငြိမ်းပေးထားတာ (၂) နှစ်တောင်ရှိပြီကို သူက အခုမှထွက်ပြေးတယ်ဆိုတော့ ပါတီကိစ္စတွေကို တာဝန်ယူမရှင်းချင်တာလား မသိဘူး ” ဟု ပြည်တွင်းနေ ပါတီဝင်တစ်ဦးက မှတ်ချက်ပြုသည်။
၎င်း၏ ဆိုလိုရင်းမှာ ပါတီ၏ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များနှင့် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသော ထိပ်တန်း CEC များ အကျဉ်းကျခံနေရချိန်တွင် ပါတီရှင်သန်ရေးကိစ္စများကို အတွင်းရေးမှူးဖြစ်သူက တာဝန်ယူရမည့် အစား တာဝန်ကိုရှောင်လွှဲခြင်းမျိုး ဖြစ်နေသည်ဟု ထောက်ပြသည်။ အထူးသဖြင့် ၁၉၉၀-၉၁ ကာလ ပါတီ အခြေအနေမျိုးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဦးအောင်ရွှေက တာဝန်ယူ၍ ဆက်လက် ထိန်းသိမ်း ပေးခဲ့ဖူးသော်လည်း လက်ရှိခေတ်ကာလတွင် ပါတီတာဝန်များကို အတွင်းရေးမှူး ဖြစ်သူကိုယ်တိုင်က ခေါင်းရှောင်နေခဲ့ခြင်းမျိုး ဖြစ်သည်ဟုဆိုသည်။ “ ဒေါ်အောင်ဆန်းစုကြည် ကောင်းစား စဉ်ကာလတုန်းက ဦးဟံသာမြင့်ဆိုရင် သူ့သားသမီးတွေ အကုန်လုံးကို နေရာရအောင် လုပ်ပေးခဲ့တယ်။ ဦးသိန်းဦးဆိုလည်း ဒီလိုပဲ။ CEC တွေရဲ့သားသမီးတွေ အကုန်လုံးနီးပါး ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါနဲ့ ပါတီ အရှိန်အဝါကိုသုံးပြီး ထင်တိုင်းကျဲခဲ့ကြဖူးတယ်။ အခု ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် အခက်တွေ့နေချိန်မှာ သူတို့ကမသိသလို ရှောင်ပြေးပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိကြဘူး။ အခွင့်အရေးယူ တုန်းက သူတို့က ထိပ်ဆုံးက ” ဟု ပါတီတွင်းသတင်းရင်းမြစ်တစ်ဦးက ရင်ဖွင့်သည်။
မဲဆောက်ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသည် ဟု ခိုင်မာသောသတင်းများ ထွက်လာခြင်းသည် NUG ဘက်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၏ ကြိုးကိုင်ခြယ်လှယ်မှုကြောင့် ဖြစ်နိုင်ကြောင်းလည်း အချို့က သုံးသပ် နေကြသည်။ အထူးသဖြင့် ၂၀၂၁ အခင်းအကျင်းဖြစ်စဉ်ကာလ စတင်ဖမ်းဆီးခံရချိန်ကတည်းက ဦးဟံသာမြင့် မိသားစုနှင့် သားမက်ဖြစ်သူ ဦးနေဘုန်းလတ်တို့အကြား Signal မှတစ်ဆင့် ပုံမှန်ဆက်သွယ်လေ့ရှိကြောင်း ကြားသိရသည်။ ဦးဟံသာမြင့် ပြန်လည်လွတ်မြောက်လာချိန်တွင်လည်း ဦးနေဘုန်းလတ်က အခြားသော ပြည်တွင်း နေပါတီဝင်များကိုသာ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် စာထုတ်၍ထုတ်ပယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ် ဆောင်ခဲ့သည့်တိုင် ဦးဟံသာမြင့်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ ပြုခဲ့ခြင်းမရှိပေ။ ဦးဟံသာမြင့် အနေဖြင့်လည်း အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ(၂၇)ရက်မှ ထွက်ပြေးချိန် ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလကုန် သို့မဟုတ် မတ်လအစောပိုင်းအထိ နှစ်နှစ်ကျော်ကြာ ပြည်တွင်း၌ အန္တရာယ်ကင်းစွာ နေထိုင်ခဲ့ရသူ ဖြစ်သည်။ မြောက်ဒဂုံ သို့မဟုတ် ရန်ကင်းစသည့် မြို့နယ်နှစ်ခုလုံးတွင် လှည့်လည်နေထိုင်လေ့ ရှိသော ဦးဟံသာမြင့်အနေဖြင့် မဲဆောက်ဘက်သို့ ထွက်ပြေးသွားသည့် အကြောင်းအရင်းကိုမူ ခန့်မှန်းရခက် နေဆဲဖြစ်ပြီး နောက်ကွယ်တွင် နိုင်ငံရေးနှင့်ဆိုင်သော သီးခြားခေါင်းစဉ်တစ်ခုခု ရှိနေနိုင်သည်ဟု ပါတီဝင် အချို့က သုံးသပ်မှုများ ရှိနေသည်။
ဦးဟံသာမြင့်သည် ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဆင့်ကို ၂၀၁၀ ပြည့်နှစ်က ပါတီပြန်လည် မှတ်ပုံတင်စဉ်ကာလ၌ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းမှ တစ်ဆင့် ၂၀၁၆-၁၇ ကာလ၌ ဦးဉာဏ်ဝင်း၊ ဦးဝင်း မြင့်၊ ဦးဝင်းထိန်၊ ဒေါက် တာဇော်မြင့်မောင်တို့နှင့်အတူ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်ခဲ့ကာ ၂၀၂၀ ရွေး ကောက်ပွဲတွင် ဦးဉာဏ်ဝင်းနှင့်အတူ အတွင်းရေးမှူး အဖွဲ့ဝင် ဆက်လက်တာဝန်ယူခဲ့သူဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၏အကူအညီမပါဘဲ ထိုင်ဝမ်ကျွန်းအနီးရှိ ကျွန်းများတွင် ဆိပ်ကမ်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ