နျူကလီးယားရေငုပ်သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ဆုံးအပြီးသတ်နိုင်ရန် ဩစတြေးလျနှင့် ယူကေကြား ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိ သဘောတူစာချုပ်ချုပ်ဆို
ALynn (NSS) - မတ် ၂၂
သြစတြေးလျသည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများတည်ဆောက်ရေးနှင့် ၎င်း၏ ရေယာဉ်အသစ်များ အချိန်မီရောက်ရှိရေးသေချာစေရန် ယူကေစက်မှုလုပ်ငန်းအတွက် သြစတြေးလျဒေါ်လာ ၄ ဒသမ ၆ ဘီလျံ (ဒေါ်လာ ၃ ဘီလျံ) ပေးအပ်ရန် စီစဉ်ထားကြောင်း နှစ်နိုင်ငံစလုံးက မတ်လ ၂၂ ရက် (သောကြာနေ့) တွင် အတည်ပြုခဲ့သည်။
တောင်တရုတ် ပင်လယ်နှင့် တောင်ပစိဖိတ်ဒေသတို့တွင် တရုတ်၏ တိုးမြင့်လာသော စိန်ခေါ်မှုများကို ပိုမို ကောင်းမွန်စွာရင်ဆိုင်ရန် နှစ်နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် တစ်ရက်အကြာတွင် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ယူကေကာကွယ်ရေးဝန်ကြီး Grant Shapps က ရေငုပ်သင်္ဘောအစီအစဉ်သည် ဈေးကြီးသော်လည်း လိုအပ် သည်ဟု ဆိုသည်။ ထို့ပြင် ၎င်းက “ကျွန်ုပ်တို့ဟာ တရုတ်လွှမ်းမိုးနေတဲ့ဒေသမှာ နေထိုင်နေရပြီး အရှေ့အလယ်ပိုင်း နဲ့ ဥရောပမှာဖြစ်ပျက်နေတဲ့အန္တရာယ်တွေကြောင့် ကျွန်ုပ်တို့ရဲ့လုံခြုံရေးကို အလေးအနက်ထားဖို့လိုအပ်ပြီး အခုလို ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရမည်ဖြစ်ကြောင်း” လည်း ပြောကြားခဲ့သည်။
ဗာဂျီးနီးယားအတန်းအစား ရေငုပ်သင်္ဘောများသည် အဓိကအားဖြင့် ယူကေမှ ဒီဇိုင်းယူထားပြီး အမေရိကန် လက်နက်စနစ်များပါရှိမည်ဖြစ်သည်။ သြစတြေးလျကာကွယ်ရေးဝန်ကြီး Richard Marles က ဗြိတိန် နှင့် ဩစတြေးလျအကြားသဘောတူညီချက်သည် နျူကလီးယားရေငုပ်သင်္ဘောအစီအစဉ်ကို ပြည့်စုံစေမည်ဖြစ်ပြီး AUKUS မိတ်ဖက်နိုင်ငံများအတွက် ထုတ်လုပ်မှုစွမ်းရည်အသစ်များကို ဖန်တီးပေးမည်ဖြစ်ကြောင်း ရည်ညွှန်း ပြောခဲ့သည်။
AUKUS စာချုပ်အရ ၂၀၃၀ ပြည့်နှစ်ကာလများအတွင်း ဩစတြေးလျသည် နျူကလီးယားရေငုပ်သင်္ဘော ၃ စင်း ဝယ်ယူနိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်သည်။ AUKUS သည် ဩစတေးလျ၊ အမေရိကန်နှင့် ယူကေတို့အကြား မဟာဗျူဟာကျပူးပေါင်းမှု မဟာမိတ်အဖွဲ့ဖြစ်ပြီး ၎င်းအဖွဲ့ကြောင့် ဩစတေးလျ၏ စက်မှုထုတ်လုပ်ရေးကဏ္ဍ အမြင့်ဆုံးအထိ တိုးတက်သွားမည်ဖြစ်ကြောင်းလည်း ဩစတြေးလျကာကွယ်ရေးဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုဗစ်အလွန်တွင် မလေးရှားနိုင်ငံ၌ တရုတ်ခရီးသွားများ ပြန်လည်တိုးမြင့်လာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ