နေအိမ်ခြံဝန်းအတွင်း အသိမိတ်ဆွေများနှင့် စကားထိုင်ပြောနေသူတစ်ဦးကို အကြမ်းဖက်သမား(၂)ဦးက သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ပဲနွယ်ကုန်းမြို့နယ်တွင် ဖြစ်ပွား
Pearl (NSS) - မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့တွင် နေအိမ်ခြံဝန်းအတွင်း အသိမိတ်ဆွေများနှင့် စကားထိုင်ပြောနေသူတစ်ဦး ကို အကြမ်းဖက်သမား(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၁ ရက်)၊ ညနေ (၃)နာရီအချိန်ခန့်က ပဲနွယ်ကုန်းမြို့၊ သတိပဌာန်ရပ်ကွက်၊ (၅) လမ်း ရှိ နေအိမ်ခြံဝန်းထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရပ်ကွက်တွင် နေထိုင်သော အသက် (၄၀) နှစ်အရွယ် ဦးစန်းအောင်ညွန့်(ခ)လူမုန်းသည် ခြံဝန်းတစ်ခု အတွင်း၌ ၎င်း၏ အသိမိတ်ဆွေများနှင့် စကားပြောနေစဉ် အကြမ်းဖက်သမား (၂)ဦးက ရောက်ရှိလာပြီး ဦးစန်းအောင်ညွန့်ကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့အသိအိမ်မှာ စကားပြောနေတုန်း အသတ်ခံရတာ။ သူတစ်ယောက်ပဲ သေနတ်နဲ့အပစ်ခံရတာ။ အဲဒီနေရာမှာပဲ ဆုံးသွားတယ်။ သူက အုပ်ချုပ်ရေးမှူးလည်း မဟုတ်ဘူး။ စစ်မှုထမ်းဥပဒေအတွက် လိုက်ခေါ်တဲ့လူလည်း မဟုတ်ဘူး။ ဘာဖြစ်လို့အသတ်ခံရလည်းတော့ မသိဘူး” ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဦးစန်းအောင်ညွန့်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် တာဝန်ရှိသူများက စုံစမ်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နျူကလီးယားရေငုပ်သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ဆုံးအပြီးသတ်နိုင်ရန် ဩစတြေးလျနှင့် ယူကေကြား ဒေါ်လာ ၃ ဘီလျံတန်ဖိုးရှိ သဘောတူစာချုပ်ချုပ်ဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ