အမေရိကန်နယ်စပ်ရှိ လုံခြုံရေးအတားအဆီးကို မက္ကဆီကိုဘက်ခြမ်းမှ ရွှေ့ပြောင်းသွားလာသူများ ချိုးဖျက် ဝင်ရောက်
Pika (NSS) - မတ် ၂၂
မက္ကဆီကိုနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ရန်ကြိုးပမ်းနေသော ရွှေ့ပြောင်းသွားလာသူ လူအုပ်ကြီး သည် အမေရိကန်နယ်စပ်ရှိ လုံခြုံရေးအတားအဆီးကို ချိုးဖျက်ဝင်ရောက်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
မတ်လ(၂၁)ရက်တွင် ဆိုရှယ်မီဒီယာပေါ်မှာတင်ထားသော ဗီဒီယိုဖိုင်တွင် ရွှေ့ပြောင်းသွားလာသူများသည် နယ်စပ် အတားအဆီးတစ်ခုကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်(၅)ဦးက ၎င်းတို့ကို တားဆီးရန် ကြိုးပမ်းနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
အဆိုပါဖြစ်ရပ်အတွင်း ရွှေ့ပြောင်းသွားလာသူအမျိုးသား အများစုသည် ၎င်းတို့၏လက်များကို မြှောက်ထားကာ သေနတ်ဖြင့် မပစ်ခတ်ကြရန် နယ်ခြားစောင့်တပ်ဖွဲ့များကို အချက်ပြခဲ့ကြကြောင်းလည်း သိရသည်။ သို့သော်လည်း စက္ကန့်ပိုင်းအကြာတွင် ရွှေ့ပြောင်းသွားလာသူများသည် ၎င်းတို့ကိုတားဆီးရန် ကြိုးပမ်းနေသော နယ်ခြားစောင့် တပ်ဖွဲ့များကို တွန်းထုတ်ကာ နယ်စပ်ဂိတ်သို့ ပြေးသွားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
အဆိုပါဖြစ်ရပ်သည် တက္ကဆက်ပြည်နယ် El Paso မြို့ရှိ နယ်စပ်ဂိတ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် နယ်စပ်ဂိတ်သို့ပြေးလာသော ရွှေ့ပြောင်းသွားလာသူများကို တစ်ဖက်ရှိစစ်သားတစ်ဦးက အော်ဟစ်ပြောဆိုနေသည်ကိုလည်း အဆိုပါဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ခဲ့ရသည်။ နောက်ပိုင်းတွင် အဆိုပါ ရွှေ့ပြောင်းသွားလာသူများကို နယ်စပ်ရှိ မက္ကဆီကိုဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အမည်မသိ သတင်းရင်းမြစ်တစ်ခုက New York Post သတင်းစာသို့ ပြောကြားခဲ့သည်။
အမေရိကန်လွှတ်တော်တွင် နယ်စပ်လုံခြုံရေးနှင့်ပတ်သက်ပြီး အချေအတင်ဆွေးနွေးမှုများရှိနေသည့်အချိန်တွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမေရိကန်အောက်လွှတ်တော်ရီပတ်ဘလစ်ကန်အမတ်များသည် မက္ကဆီကိုနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်မှတစ်ဆင့် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာမှုများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ထိရောက်သောအစီအစဉ်များ ချမှတ်ရန်ကိစ္စနှင့်ပတ်သက်ပြီး ဂျိုးဘိုင်ဒန်ကို ဖိအားပေးနိုင်ရန် ကြိုးပမ်းနေကြကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရခဲ့သော သမ္မတပူတင် မေလ ၇ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ