ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရခဲ့သော သမ္မတပူတင် မေလ ၇ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်
ဂျန်ဇက် (NSS) - မတ် ၂၂
ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် တစ်ကျော့ပြန်အနိုင်ရခဲ့သော ရုရှားသမ္မပူတင်သည် မေလ ၇ ရက်တွင် သမ္မတအဖြစ် တစ်ကျော့ပြန်ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အသက် ၇၁`နှစ်အရွယ်ရှိ ပူတင်သည် မတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် တစ်သီး ပုဂ္ဂလိဂကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခြားပြိုင်ဘက်သုံးဦးကို မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် လာမည့် မေလအတွင်း ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်း ရုရှားရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန် ထားသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံသား ၇၆ ဒသမ ၂ သန်းကျော် မဲလာ ပေးခဲ့ပြီး ပူတင်က ထောက်ခံမဲ စုစုပေါင်း ၈၇ ဒသမ ၂၈ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။ ပူတင်သည် ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ခြောက်နှစ်ကြာ သမ္မတသက်တမ်းကို ပထမဆုံးအကြိမ် ထမ်းဆောင်ခွင့် ရမည်ဖြစ်သည်။
ရုရှားနိုင်ငံတွင် သမ္မတသက်တမ်းကို ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဟု ပြင်ဆင်ပြောင်းလဲခဲ့ပြီးနောက် နှစ်အတန်ကြာတွင် ရွေးကောက်ပွဲကျင်းပခဲ့ခြင်းဖြစ်ရာ ပူတင်က အနိုင်ရခဲ့ပြီး ၆ နှစ်သက်တမ်းကို ပထမဆုံး တာဝန်ယူခွင့်ရသူဖြစ်လာခဲ့သည်။ အသက် ၇၁ နှစ်အရွယ်ရှိ ပူတင်သည် ၁၉၉၉ ခုနှစ်နောက်ပိုင်းတည်းက ရုရှားနိုင်ငံကို ဦးဆောင်ခဲ့ပြီးသမ္မတအဖြစ် ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၈ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသလို ၂ဝ၁၂ ခုနှစ်မှ လက်ရှိအချိန်အထိ သမ္မတ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သူဖြစ်သည်။
ပူတင်သည် ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှ လက်ရှိအချိန်အထိ ရုရှားနိုင်ငံ၏ သမ္မတ၊ ဝန်ကြီးချုပ်ရာထူးများကို တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ရုရှားသည် လက်ရှိအချိန်တွင် ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားခဲ့သော်လည်း ပြည်သူများက သမ္မတပူတင်အပေါ် ယုံကြည်မှုအပြည့်အဝရှိနေဆဲဖြစ်ကြောင်း သိရသည်။
အမေရိကန်ဦးဆောင်သောအနောက်အုပ်စုနိုင်ငံများက ရုရှားသမ္မတရွေးကောက်ပွဲက လွတ်လပ်မျှတမှုမရှိဟု ဆိုကာ ဝေဖန်ပြစ်တင်ထားပြီး ရုရှားသမ္မတပူတင်ကို ဂုဏ်ပြုစကားပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတည်ငြိမ်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရန်ရှိပြီး အရေးပေါ်ရန်ပုံငွေကိုလည်း တိုးမြှင့်သုံးစွဲရန် နစက စီစဉ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ