Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကြည့်ပါက တပ်မတော်အကြောင်း သိရှိ၍ စစ်သားများအပေါ် စာနာသွားနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ပြော

Pearl (NSS) - မတ် ၂၂

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကြည့်ပါက တပ်မတော်အကြောင်းသိရှိ၍ စစ်သားများအပေါ် စာနာသွားနိုင် မည်ဟု ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်  မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်းက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။ 

အဆိုပါစကားကို  ယနေ့ (မတ်လ ၂၂ ရက်) တွင် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည့် တပ်မတော် လေ့ကျင့်ရေးတပ် (UTC) နှင့်ပတ်သက်သော အင်တာဗျူးတစ်ခုတွင် UTC တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ် ကြီး(ငြိမ်း) စိန်ဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်းသည် အခြေခံပညာအထက်တန်းစာမေးပွဲကို  မေမြို့ (ပြင်ဦးလွင်) မှ ၁၉၇၂ ခုနှစ် ၌ အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ သင်္ချာမေဂျာအဓိကဖြင့် တက်ရောက်နေစဉ် တက္ကသိုလ်လေ့ကျင့်ရေးတပ် UTC တွင်လည်း သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။ 

“၁၉၇၇ ခုနှစ် ဘွဲ့ရပြီး မဟာတန်းဆက်တက်နေချိန် မိသားစုအတွက် ဝင်ငွေရတဲ့အလုပ်တစ်ခု မဖြစ်မနေလုပ်ရ တော့မယ့် အကျပ်အတည်းကာလမှာ ဗိုလ်လောင်းသင်တန်းခေါ်တော့ဝင်ဖြေပြီး စစ်သားဘဝကို ရွေးချယ်ခဲ့တယ်။ အဲဒီကနေ တပ်မတော်သားဘဝစခဲ့တာပဲဖြစ်ပါတယ်။ အကယ်၍သာ UTC မတက်ရောက်ဖြစ်ခဲ့ရင် တပ်မတော်နဲ့ ပတ်သက်လို့ အမှန်အတိုင်းမသိနိုင်ဘဲ ငယ်ငယ်ကစွဲလာတဲ့ ရွံ့ကြောက်စိတ်နဲ့ပဲ နေသွားဖြစ်မယ် ထင်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်းက ပြောကြားထားသည်။ 

ထို့ပြင် တပ်မတော်သည် နိုင်ငံအတွက်အရေးကြီးသည့်အဖိုးတန် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍လည်း စိုးရိမ်ရန်မလိုကြောင်း ၎င်းက ဆက်လက်ပြောကြားထားသည်။ 

“အခုပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် သို့လောသို့လောဖြစ်နေတဲ့လူတွေလိုပါပဲ။ ကျွန်တော်ကိုယ်တိုင် တပ်မတော် အကြောင်း သေသေချာချာမသိဘဲ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စစ်သားတချို့ကိုသာသိရှိပြီး ရွံ့ကြောက်နေရာကနေ UTC ကျေးဇူးကြောင့် တပ်မတော်သားဘဝကို နားလည်လာပြီး ကိုယ်တိုင်စစ်သားဘဝ ဖြတ်သန်းလိုက်တဲ့အခါမှာ မိမိတို့ အထင်အမြင်နဲ့ လက်တွေ့နဲ့ကွာခြားနေတာကို တွေ့ရပါတယ်။ ဒီလိုပဲပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှုထမ်း ကြည့်လိုက်ရင် တပ်မတော်အကြောင်းသိရှိပြီး စစ်သားတွေအပေါ် စာနာသွားနိုင်မယ့်အပြင် အချို့ဆိုရင် ကျွန်တော့် လို တစ်ဘဝစာအလုပ်အကိုင်အဖြစ် ရွေးချယ်မယ့်သူတွေလည်း ပေါ်ပေါက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။ 

တပ်မတော်ထဲဝင်၍ ကိုယ်တိုင် တပ်မတော်သားဘဝရောက်မှ စစ်သည်ဟောင်းတစ်ဦး ပြောသည့်အတိုင်း “တပ်မတော်ဆိုတာ အမှန်တကယ်သာ လိုက်နာနိုင်မယ်ဆိုရင် ယောက်ျားကောင်းယောက်ျားမြတ်တွေအဖြစ် လေ့ကျင့်ပေးတဲ့ကျောင်းကြီးပေါ့” ဆိုသည့်စကားသည် စိတ်ကူးယဉ်စကား၊ အကောင်းမြင်စကား သက်သက်သာ မဟုတ်ကြောင်း  ကိုယ်တိုင်တွေ့ရှိရသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) စိန်ဝင်းက ထည့်သွင်းပြောကြားထား သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အချိန်အခါမဟုတ်ရွာသည့်မိုးကြောင့် ၁၂ ဘီးကားတစ်စီး စလစ်ဖြစ်၍ ရေမြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း ပွဲချင်းပြီး သေဆုံး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved