အချိန်အခါမဟုတ်ရွာသည့်မိုးကြောင့် ၁၂ ဘီးကားတစ်စီး စလစ်ဖြစ်၍ ရေမြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း ပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ၁၂ ဘီးကားတစ်စီး စလစ်ဖြစ်၍ ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)ရုံးထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(မတ်လ ၂၁ ရက်) ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မှောက်တဲ့ကားက ၁၂ ဘီးကားပါ။ မိုးရွာနေတာနဲ့ စလစ်ဖြစ်ပြီး ရေဆိုးမြောင်းထဲထိုးကျသွားတာ။ မနေ့ညက မိုးက ခဏပဲရွာပေမယ့် မိုးကြီးတယ်။ ကားပေါ်မှာက ယာဉ်မောင်းနဲ့ ယာဉ်အကူပါတယ်” ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ် ရေးအဖွဲ့(မန္တလေးတိုင်းရုံး) မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ၁၂ ဘီးကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား(၂)ဦးအနက် အသက် (၄၀)နှစ်ဝန်းကျင်အရွယ် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းကတော့ ပွဲချင်းပြီးဆုံးသွားပါတယ်။ ပြင်ပဒဏ်ရာအနေနဲ့ စီယာတိုင်နဲ့ညှပ်ပြီး ဆုံးသွားတာ။ ကျန်တဲ့ ယာဉ်အကူကတော့ ထိခိုက်ဒဏ်ရာတွေရပေမဲ့ မစိုးရိမ်ရပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ထာဝရတွဲလက်များလူမှုကူညီရေးအသင်းနှင့် ထိခိုက်ဒဏ်ရာရ ရှိသူအမျိုးသားကို လောကပါလလူမှုကူညီရေးအသင်းတို့က မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နယ်စပ်ရှိ လုံခြုံရေးအတားအဆီးကို မက္ကဆီကိုဘက်ခြမ်းမှ ရွှေ့ပြောင်းသွားလာသူများ ချိုးဖျက် ဝင်ရောက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း