မြန်မာလက်ရွေးစင်ဘောလုံးအသင်းက ဆီးရီးယားအသင်းကို အိမ်ကွင်း၌ သရေကစားနိုင်ခဲ့ကာ ရမှတ် တစ်မှတ် ရယူနိုင်ခဲ့
သန့်ဇင် (NSS) - မတ် ၂၁
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် FIFA အဆင့် ၇၃ ဆင့်ကွာခြားသည့် ဆီးရီးယားအသင်းကို အိမ်ကွင်း၌ သရေကစားကာ ရမှတ်တစ်မှတ်ရယူနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့် ဆီးရီးယားလက်ရွေးစင်ဘောလုံးအသင်းတို့သည် မတ်လ ၂၁ ရက်၊ ညနေ ၆ နာရီအချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ဂိုးသမားကျော်ဇင်ဖြိုး အပါအဝင် ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ အောင်သူ၊ မောင်မောင်လွင်၊ နေမိုးနိုင်၊ ဝေလင်းအောင် နှင့် ခွန်းကျော်ဇင်ဟိန်းတို့နှင့်အတူ ၄-၄-၂ ပုံစံဖြင့် ပွဲထွက်လာခဲ့သည်။
ထို့နောက် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲကစားချိန် ၃၂ မိနစ်အရောက်တွင် မြန်မာအသင်းအနေဖြင့် ရရှိလာခဲ့သော ထောင့်ကန်ဘောမှတစ်ဆင့် မောင်မောင်လွင်ကခေါင်းတိုက်ချပေးခဲ့ရာ နောက်ခံလူ စိုးမိုးကျော်က ပိတ်သွင်း၍ ဦးဆောင်ဂိုးစတင်ရရှိခဲ့သော်လည်း ပွဲကစားချိန် ၇၁ မိနစ်တွင် ဆီးရီးယားတိုက်စစ်မှူး Alaa Ai Daliက သွင်းယူခဲ့သော ချေပဂိုးကို ပြန်လည်ခွင့်ပြုပေးခဲ့ရသည်။
ထို့ကြောင့် ပွဲပြီးချိန်၌ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့် ဆီးရီးယားလက်ရွေးစင်အသင်းတို့သည် ၁ ဂိုး-၁ ဂိုးဖြင့် သရေတစ်မှတ်စီရရှိခဲ့ကြပြီး မြန်မာအသင်းအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုပွဲစဉ်တွင် ပထမဆုံး ရမှတ် ၁ မှတ်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်နှင့် ပတ်သတ်၍ ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် Miachel Feichtenbeinerက" ခံစစ်ကစားပုံကို အားရကျေနပ်ပါတယ်။ အထူးသဖြင့်ပထမပိုင်း ကစားပုံကောင်းမွန်ခဲ့တယ်။ တစ်ဂိုးနဲ့ ဦးဆောင်ခဲ့တဲ့အတွက် ရလဒ်ကို ထိန်းသိမ်းဖို့ကြိုးစားခဲ့တယ်။။ နောက်ပိုင်းမိနစ်တွေမှာ ကစားသမားတွေ ပင်ပန်းလာပြီး ကစားအားကျသွားတဲ့အတွက် ချေပဂိုး ပြန်ပေးခဲ့ရတယ်။ ကစားသမားတွေကြိုးစား အားထုတ်ပုံကောင်းခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လာမည့် မတ်လ ၂၇ ရက်တွင် အဝေးကွင်းပွဲစဉ်အဖြစ် ဆီးရီးယားအသင်း နှင့် ဆော်ရီအာရေဗျနိုင်ငံတွင် ကြားကွင်း သွားရောက်ကစားရမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရက်သောက်ပြီး တာဝန်ထမ်းဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ Delta လေကြောင်းလိုင်း လေယာဉ်မှူး ထောင်ဒဏ် ၁၀ လ ချမှတ်ခံရ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း