အရက်သောက်ပြီး တာဝန်ထမ်းဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ Delta လေကြောင်းလိုင်း လေယာဉ်မှူး ထောင်ဒဏ် ၁၀ လ ချမှတ်ခံရ
ရောင်နီ (NSS) - မတ် ၂၂
Delta လေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦးဟာ စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ် လေဆိပ်မှာ တာဝန်ချိန် ယူခါနီး အရက်သောက်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၁၀ လ ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၆၃ နှစ်အရွယ် အမေရိကန်နိုင်ငံသား လေယာဉ်မှူး လောရန့်ရူဆဲလ်ဂျားဟာ စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ် မှ နယူးယောက်မြို့ JFK လေဆိပ်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်က ပျံသန်းရာမှာ လိုက်ပါ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပေမယ့် အရက်သောက်ထား၊ မထား စစ်ဆေးမှုမှာ တရားဝင် ကန့်သတ်ချက်ထက် ကျော်လွန်နေတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သူ့အိတ်ထဲမှာ Jägermeister liqueur ပုလင်း နှစ်ပုလင်းပါခဲ့ပြီး အဲဒီထဲက တစ်ဝက်ကို ၎င်းက သောက်ထားတယ် လို့ တရားရုံးက ဆိုပါတယ်။ ၎င်းဟာ ဒီပြစ်မှုကြောင့် အတ္တလန်တိတ်လေကြောင်းခရီးစဉ်မှာ လိုက်ပါနိုင်ခြင်း မရှိခဲ့ သလို Delta လေကြောင်းလိုင်းမှလည်း အလုပ်ပြုတ်ခဲ့တယ်လို့ သိရပါတယ်။
Delta မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ခရီးသွားများအတွက် တောင်းပန် ကြောင်း ပြောကြားခဲ့ပါတယ်။
စကော့တလန် လေကြောင်းလိုင်းမှာ တရားဝင် အရက်သေစာသောက်စားမှုကန့်သတ်ချက်ဟာ ၂၀ မီလီဂရမ်ဖြစ်ပြီး ကားမောင်းနှင်မှုနဲ့ပတ်သက်ပြီး အရက်ကန့်သတ်ချက်ကတော့ ၅၀ မီလီဂရမ်ဖြစ်ပါတယ်။ အမေရိကန်မှာတော့ လေယာဉ်မှူးတစ်ဦးအတွက် အရက်ကန့်သတ်ချက်မှာ ပမာဏ ၀.၀၄ ဖြစ်ပြီး ဖက်ဒရယ်စည်းမျဉ်းများအရ အရပ်ဘက်လေကြောင်းမှာ လေယာဉ်အမှုထမ်း ဘယ်သူမဆို အရက်သောက်ပြီး ရှစ်နာရီအတွင်း လုပ်ငန်းခွင် ဝင်ခြင်းကို တားမြစ်ပိတ်ပင်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာပေါ်မှာ အီလက်ထရွန်းနစ် စွန့်ပစ်ပစ္စည်းများ စံချိန်တင်အဆင့်အထိ ကြီးထွားလာနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း